ဒေါ့မွန်ကိုအနိုင်ရခဲ့သည့် အတွေ့အကြုံကို အကောင်းဆုံးအသုံးချရန်လိုကြောင်း ကလော့ပ်တိုက်တွန်း
|
လီဗာပူးနည်းပြယာဂင်ကလော့ပ်က ဒေါ့မွန်နှင့်ပွဲ၌ နောက်ကျဂိုးများဖြင့်အနိုင်ရခဲ့ခြင်းကို အလဟဿအဖြစ်မခံဘဲ ထိုအတွေ့အကြုံဖြင့် ယနေ့ညပွဲစဉ်တွင် ဗီလာရီးရဲလ်ကို ကျော်ဖြတ်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းသင့်ကြောင်း အသင်းသား
များကို တိုက်တွန်းသွားခဲ့သည်။
လီဗာပူးသည် ဒေါ့မွန်နှင့်ကစားခဲ့သည့် ယူရိုပါလိဂ် ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် ဦးဆောင်ဂိုးများခွင့်ပြုခဲ့ရပြီး ၃-၁ ဖြင့်ရှုံးနိမ့်နေရာမှ ဒုတိယပိုင်းပွဲချိန်အတွင်း၌ အဖိုးတန်ချေပဂိုးနှင့်အနိုင်ဂိုးများ ပြန်လည်သွင်းယူကာ ဆီမီးဖို
င်နယ်အဆင့်သို့တက်လှမ်းနိုင်ခဲ့သည်။
“ခက်ခဲတဲ့ပွဲတွေကို အနိုင်ရတာဟာ အကောင်းဆုံးအတွေ့အကြုံတစ်ခုဖြစ်ပြီးတော့ အဲဒီကနေ သင်ခန်းစာယူနိုင်ပါတယ်။ နောက်တစ်ပွဲကစားဖို့အတွက် အရေးပါတဲ့အတွေ့အကြုံကိုရခဲ့တာပါ။ ဒါပေမဲ့ အသုံးချပုံမှားရင်တော့ အကျိုးအမြ
တ်မရနိုင်ပါဘူး”ဟု ယာဂင်ကလော့ပ်ကပြောကြားခဲ့သည်။
လီဗာပူးသည် ယနေ့ညတွင် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်ကို ဗီလားရီးရဲလ်နှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဒူးဒဏ်ရာရရှိခဲ့သော တိုက်စစ်မှူးဘန်တီကီပြန်လည်ပါဝင်နိုင်ပြီဖြစ်ကြောင်းသိရသည်။
Photo: ကစားသမားများကို တိုက်တွန်းနေသည့် ကလော့ပ် (EPA)
Next : ဆီမြွန်နီ၏ လာလီဂါလက်ကျန်ပွဲအားလုံး အနီးကပ်ကြီးကြပ်ခွင့် ပိတ်ပင်ခံရ