ရီးရဲလ်ကွင်း၌ ကစားရမည်ကို ကြောက်ရွံ့နေမည်မဟုတ်ဟု ပယ်လီဂရီနီပြောကြား
|
မန်စီးတီးနည်းပြပယ်လီဂရီနီက အသင်းအဓိက ကစားသမားများ ဒဏ်ရာပြဿနာနှင့်ကြုံတွေ့နေရသော်လည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ရီးရဲလ်အိမ်ကွင်း ဘာနေဗျူး၌ ကစားရမည်ကို ကြောက်ရွံ့နေမည်မ
ဟုတ်ကြောင်း ပြောကြားလိုက်သည်။
မန်စီးတီးသည် ယမန်နေ့ကယှဉ်ပြိုင်ခဲ့သော ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင် ပွဲပြီးဆုံးချိန်အထိ ရီးရဲလ်ဘက်သို့ ထိရောက်သောဂိုးပေါက်ခြိမ်းခြောက်မှုမပြုလုပ်နိုင်ခဲ့သော်လည်း ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သဖြင့် ဗို
လ်လုပွဲရောက်ရန် မျှော်လင့်ချက်ကျန်ရှိနေသေးသည်။
ထိုပွဲတွင် မန်စီးတီး၏ အဓိကကွင်းလယ်လူတစ်ဦးဖြစ်သော ဒေးဗစ်ဆေးလ်ဗားမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့သဖြင့် လာမည့် မေလ ၄ ရက်နေ့တွင်ယှဉ်ပြိုင်ရမည်ဖြစ်သော ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ရမည်ဖြစ်သည်။
လက်ရှိအခြေအနေများနှင့်ပတ်သက်၍ နည်းပြပယ်လီဂရီနီက ”ရီးရဲလ်ဟာ ရေပန်းစားနေတဲ့အသင်းလို့ ကျွန်တော်မထင်ဘူး။ ဘာနေဗျူးမှာကစားရမယ့် အဝေးကွင်းပွဲကို ကျွန်တော်တို့ ကြောက်ရွံ့နေမှာမဟုတ်ဘူး။ ဆေးလ်ဗားကတော့
နောက်တစ်ပတ်လောက်အထိ ကြံ့ခိုင်မှုရမှာမဟုတ်ပါဘူး။ ကျွန်တော်တို့အတွက် ကံမကောင်းချင်တော့ ရီးရဲလ်က တစ်ရက်ပိုပြီးအနားရနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘာတွေပဲဖြစ်ဖြစ် စပိန်မှာသွားကစားရမယ့်ပွဲကို အကောင်းဆုံးလုပ် နု
ိင်မယ်လို့ယုံကြည်တယ်။ သေချာတာကတော့ ဒီပွဲမှာ ကျွန်တော်တို့လုပ်နိုင်တာအားလုံးကို လုပ်သွားမယ်ဆိုတာပါပဲ” ဟု ပြောကြားခဲ့သည်။
Photo: ပထမအကျော့၌ ဇီဒန်းနှင့် ပယ်လီဂရီနီတွေ့ဆုံစဉ် (Getty Images)
Next : ရီးရဲလ်၊ ဘာစီလိုနာတို့နှင့် နှိုင်းယှဉ်ခံရခြင်းသည် အက်သလက်တီကို၏အောင်မြင်မှုကို ပြသနေကြောင်း ဂွါဒီယိုလာချီးကျူး