ရီးရဲလ်၊ ဘာစီလိုနာတို့နှင့် နှိုင်းယှဉ်ခံရခြင်းသည် အက်သလက်တီကို၏အောင်မြင်မှုကို ပြသနေကြောင်း ဂွါဒီယိုလာချီးကျူး
|
ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ်တွင် ထပ်တိုက်တွေ့ဆုံမည့် အက်သလက်တီကို၏ခြေစွမ်းနှင့်ပတ်သက်၍ ချီးကျူးခဲ့ပြီး ရီးရဲလ်နှင့်ဘာစီလိုနာတို့ကဲ့သို့ အသင်းကြီးများနှင့် တန်းတူနှိုင်းယှဉ်ခံရခြင်းသည် ၎င်းတို့၏အောင်မြင်မှုကိုပြသနေကြောင်း ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်နှင့် အက်သလက်တီကိုသည် ယနေ့ညတွင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
“ရီးရဲလ်၊ ဘာစီလိုနာတို့နဲ့ တန်းတူနှိုင်းယှဉ်ခံရတာဟာ အက်သလက်တီကိုရဲ့ စွမ်းဆောင်ရည်နဲ့ အောင်မြင်မှု ဘယ်လောက်ရှိလဲဆိုတာ ပြနေပါတယ်။ ဒါဟာ ဆီမြွန်နီရယူနိုင်ခဲ့တဲ့ အောင်မြင်မှုဆုတံဆိပ်ပါ။ သူတို့ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရပါလိမ့်မယ်။ ဗိုလ်လုပွဲရောက်ဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ”ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
ဂွါဒီယိုလာသည် လာမည့်ဘောလုံးရာသီတွင် မန်စီးတီးသို့ ပြောင်းရွှေ့မည်ဖြစ်သောကြောင့် နောက်ဆုံးကိုင်တွယ်သော ဘောလုံးရာသီတွင် ဘိုင်ယန်မြူးနစ်နှင့်အတူ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခွင့်ရရန် ဆန္ဒပြင်းပြနေသည်။
Next : အက်သလက်တီကို ၁ – ၀ ဘိုင်ယန်မြူးနစ် (နည်းပြနှစ်ဦး၏ပွဲပြီးပြောစကား)