ကြမ်းတမ်းစွာကစားမှုစွဲချက်ဖြင့် ဒါလီအလိုင်း ပွဲပယ်ခံရဖွယ်ရှိနေ
|
အချင်းများနေသည့် ယာကော့ဘ်နှင့် ဒါလီအလိုင်း
စပါးကွင်းလယ်လူ ဒါလီအလိုင်းသည် ကြမ်းတမ်းစွာကစားမှုစွဲချက်ဖြင့် အက်ဖ်အေမှချမှတ်သော ပွဲပယ်ပြစ်ဒဏ်ကို ခံယူရဖွယ်ရှိပြီး စပါး၏ ရာသီကျန်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေသည်။
တနင်္လာနေ့က ၀က်စ်ဘရွန်းနှင့် ၁-၁ သရေကျခဲ့သောပွဲစဉ်တွင် ဒါလီအလိုင်းသည် ၀က်စ်ဘရွန်းမှ ယာကော့ဘ်အား လက်သီးဖြင့်ထိုးခဲ့ကြောင်း ရုပ်သံပြကွက်များတွင် စစ်ဆေးတွေ့ရှိခဲ့သည်။
ပွဲစဉ်တစ်ခုအတွင်း ကြမ်းတမ်းစွာကစားမှုသည် ပုံမှန်အားဖြင့် ၃ ပွဲပယ်ပြစ်ဒဏ်ခံယူရလေ့ရှိသောကြောင့် အသက် ၂၀ နှစ်အရွယ် အလိုင်းသည် စပါး၏ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်များအားလုံးကို လွဲချော်ဖွယ်ရှိနေခြင်းဖြစ်သည်။
စပါးနည်းပြပိုချက်တီနိုကမူ အဆိုပါလုပ်ရပ်အား မြင်တွေ့ခဲ့ခြင်းမရှိကြောင်း ဖွင့်ဟခဲ့ပြီး “အလိုင်း စိတ်ဆတ်တယ်ဆိုတာသိတဲ့အတွက် တစ်ခါတလေ ပြိုင်ဘက်ကစားသမားတွေက သူ့ကိုစိတ်ဆွပြီးကစားတတ်ကြပါတယ်”ဟု ပြောကြားခဲ့သည်။
Prev : ချန်ပီယံဖြစ်နိုင်ခွင့် လက်မလွှတ်သေးဟု ပိုချက်တီနို ပြောကြား
Next : ရီးရဲလ်ကွင်း၌ ကစားရမည်ကို ကြောက်ရွံ့နေမည်မဟုတ်ဟု ပယ်လီဂရီနီပြောကြား
Next : ရီးရဲလ်ကွင်း၌ ကစားရမည်ကို ကြောက်ရွံ့နေမည်မဟုတ်ဟု ပယ်လီဂရီနီပြောကြား