ထပ်တိုး ၁ ပွဲပယ်ပြစ်ဒဏ်ကြောင့် မန်ယူနှင့်ပွဲကို ဗာဒီလွဲချော်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
Untitled-1
Photo: ကွင်းလယ်ဒိုင်ကိုအော်ငေါက်နေသည့် ဗာဒီ (Getty Images)

လက်စတာတိုက်စစ်မှူးဗာဒီသည် ၀က်စ်ဟမ်းနှင့် ၂-၂ သရေရလဒ်ထွက်ပေါ်ခဲ့သည့်ပွဲတွင် ဟန်ဆောင်လှဲချသဖြင့် ကွင်းလယ်ဒိုင်ဂျွန်မို့စ်က ဒုတိယအ၀ါကတ်ပြ၍ ထုတ်ပယ်ခဲ့ခြင်းအပေါ် မကျေမနပ်ဖြစ်ကာ လက်ညှိုးထိုး အော်ဟစ်ခဲ့ခြင်းေ
ကြာင့် ထပ်တိုး ၁ ပွဲပယ်ပြစ်ဒဏ်ထပ်မံကျခံရမည်ဖြစ်သည်။

ထို့ကြောင့် တနင်္ဂနွေနေ့တွင်ကစားမည့် မန်ယူနှင့်ပွဲကို ဆက်လက်လွဲချော်ရမည်ဖြစ်ပြီး နောက်ဆုံးပွဲစဉ် ၂ ပွဲဖြစ်သည့် အဲဗာတန်နှင့် ချဲလ်ဆီးပွဲတို့တွင်သာ ပြန်လည်ပါဝင်နိုင်မည်ဖြစ်သည်။

အသက် ၂၉ နှစ်ရှိ အဆိုပါအင်္ဂလန်တိုက်စစ်မှူးသည် ထပ်တိုး ၁ ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေ ပေါင် ၁၀၀၀၀ ကို ရှောင်လွဲရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့သဖြင့် မန်ယူနှင့်ပွဲကို လွဲချော်ခဲ့ရခြင်းဖြစ်သည်။

လက်စတာအသင်းသည် ဗာဒီမပါဝင်နိုင်ခဲ့သော ဆွမ်ဆီးနှင့်ပွဲတွင် ၄ ဂိုးပြတ်အနိုင်ရခဲ့ကာ အမှတ်ပေးဇယားတွင် ၇၆ မှတ်ပိုင်ဆိုင်ခဲ့ပြီး ဒုတိယနေရာမှ စပါးအသင်းသည် ယမန်နေ့က ၀က်စ်ဘရွန်းနှင့်ပွဲတွင် ၁-၁ သရေရလဒ်ထွက်ပေါ်ခဲ့
သဖြင့် လက်ကျန် ၃ ပွဲကစားရန်ကျန်ရှိချိန်၌ ၇ မှတ်ကွာဟသွားသောကြောင့် လက်စတာမှာ မန်ယူကိုအနိုင်ရလျှင် ချန်ပီယံဆုသိမ်းပိုက်နိုင်တော့မည်ဖြစ်သည်။

Photo: ကွင်းလယ်ဒိုင်ကိုအော်ငေါက်နေသည့် ဗာဒီ (Getty Images)

comments

error: Content is protected !!