ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် လက်စတာအောင်ပွဲခံရန် နိုင်ပွဲ ၁ ပွဲသာလိုအပ်
|
ဆွမ်ဆီးနှင့်ပွဲတွင် ဂိုးသွင်းပြီးအောင်ပွဲခံနေသည့် လက်စတာကစားသမားများ
ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်နေသည့် လက်စတာမှာ လာမည့်တနင်္ဂနွေနေ့တွင် မန်ယူနှင့် အိုးလ်ထရက်ဖို့ဒ်တွင်ကစားမည့်ပွဲ၌ အနိုင်ရခဲ့ပါက ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မည်ဖြစ်သည်။
ယမန်နေ့ညက ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အမှတ်ပေးဇယားအဆင့် ၂ မှ စပါးမှာ ၀က်စ်ဘရွန်းကို အိမ်ကွင်းတွင် ၁-၁ သရေကျခဲ့သဖြင့် လက်စတာအတွက် အင်္ဂလန်အမှတ်ပေးချန်ပီယံဘွဲ့ကို အကြိမ် ၂၀ ရရှိထားသည့် မန်ယူနှင့်ပွဲမှာ ချန်ပီယံဘွဲ့ခံယူနိုင်မည့်ပွဲ ဖြစ်လာခဲ့သည်။
စပါးမှာ နောက်ဆုံးပွဲရလဒ်ကြောင့် ရာသီကုန်ဆုံးရန် ၃ ပွဲအလိုတွင် လက်စတာနှင့် ၇ မှတ်ကွာဟသွားခဲ့ပြီး ရာသီမစမီက ချန်ပီယံဖြစ်ရန် ၅၀၀၀ လေး ၁ လေးသာ ပေးခံရသည့် လက်စတာအား ချန်ပီယံအခွင့်အလမ်းများ ပိုမိုကောင်းမွန်သွားစေခဲ့သည်။
Prev : ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်စရာဖြစ်လာဟု အာစင်ဝင်းဂါးပြောကြား
Next : ထပ်တိုး ၁ ပွဲပယ်ပြစ်ဒဏ်ကြောင့် မန်ယူနှင့်ပွဲကို ဗာဒီလွဲချော်မည်
Next : ထပ်တိုး ၁ ပွဲပယ်ပြစ်ဒဏ်ကြောင့် မန်ယူနှင့်ပွဲကို ဗာဒီလွဲချော်မည်