ရိုးမားကို နာပိုလီရှုံးခဲ့၍ စီးရီးအေချန်ပီယံဘွဲ့ကို ၅ ရာသီဆက်အဖြစ် ဂျူဗင်တပ်သိမ်းပိုက်
|
ယမန်နေ့ညက ကစားခဲ့သည့် စီးရီးအေပွဲစဉ်တွင် နာပိုလီမှာ ရိုးမားကို အရေးနိမ့်ခဲ့သည့်အတွက် စီးရီးအေအမှတ်ပေးဇယား အဆင့် ၁ နေရာမှ ဂျူဗင်တပ်မှာ ချန်ပီယံဘွဲ့ကို ၅ ရာသီဆက်အဖြစ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။
အောက်တိုဘာ ၂၈ ရက်နေ့က အမှတ်ပေးဇယား အဆင့် ၁၂ နေရာတွင်ရပ်တည်ကာ အဆင့် ၁ နေရာမှအသင်းနှ။င့် ၁၁ မှတ်ပြတ်နေခဲ့သည့် ဂျူဗင်တပ်မှာ ထိုကာလနောက်ပိုင်း စီးရီးအေ ၂၅ ပွဲတွင် ၂၄ နိုင် ၁ ပွဲသရေကျကာ အဆင့် ၁ နေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး နာပိုလီ၏ ယမန်နေ့ညအရှုံးကြောင့် ဂျူဗင်တပ်မှာ ကာပီနှင့်ကစားရမည့် တနင်္ဂနွေနေ့အိမ်ကွင်းပွဲစဉ်တွင် ယခုရာသီချန်ပီယံအဖြစ် ဂုဏ်ပြုခံရတော့မည်ဖြစ်သည်။
ဂျူဗင်တပ်အသင်းခေါင်းဆောင် ဂိုးသမားဘူဖွန်မှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ဂျူဗင်တပ်နှင့်အတူ လုပ်ပွဲအရှုပ်တော်ပုံကြောင့် စီးရီးအေချန်ပီယံဘွဲ့ ၂ ကြိမ် ပယ်ဖျက်ခံခဲ့ရသော်လည်း ယခုအချိန်တွင် အီတလီချန်ပီယံအဖြစ် ၇ ကြိမ်မှတ်တမ်းရရှိထားပြီဖြစ်သည်။
Next : ချန်ပီယံဖြစ်နိုင်ခွင့် လက်မလွှတ်သေးဟု ပိုချက်တီနို ပြောကြား