ချန်ပီယံဖြစ်နိုင်ခွင့် လက်မလွှတ်သေးဟု ပိုချက်တီနို ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
Untitled-1
Photo: လက်စတာနှင့် စပါးတို့၏ လက်ကျန်ပွဲစဉ်များ (bbc)

စပါးနည်းပြပိုချက်တီနိုက ၀က်စ်ဘရွန်းနှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ၁-၁ သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းကြောင့် ၂ မှတ်ဆုံးရှုံးခဲ့သော်လည်း ချန်ပီယံဖြစ်နိုင်ခွင့် လက်မလွှတ်သေးကြောင်း ပြောကြားလိုက်သည်။

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခွင့်နှင့်ပတ်သက်၍ နည်းပြပိုချက်တီနိုက ”သင်္ချာနည်းအရကြည့်မယ်ဆိုရင် စပါးအသင်း ချန်ပီယံဖြစ်ခွင့်ရှိနေပါသေးတယ်။ ရမှတ်တွေထပ်ရဖို့ ကျွန်တော်တို့ကြိုးပမ်းရမှာပါ။ ကျွန်တော်တို့ ယုံကြည်ချက်ရှိဖို့လိုပါ
တယ်။ ၇ မှတ်ဆိုတာ ခက်ခဲတဲ့အနေအထားဖြစ်ပေမယ့် လာမယ့်ပွဲ ၃ ပွဲကို အကောင်းဆုံးကြိုးပမ်းသွားနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့စိတ်ဓာတ်တွေခိုင်မာအောင်လုပ်ဆောင်ပြီး လာမယ့်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့လည်း
လိုအပ်ပါတယ်။ ခက်ခဲမှာဖြစ်ပေမယ့် ကျွန်တော်တို့ အရှုံးမပေးသေးဘူး” ဟု ပြောကြားခဲ့သည်။

အမှတ်ပေးဇယားဦးဆောင်သူ လက်စတာသည် လာမည့်ပွဲတွင် မန်ယူနှင့်ကစားရမည်ဖြစ်ပြီး စပါးအသင်းမှာ ချဲလ်ဆီးနှင့်ရင်ဆိုင်ရမည်ဖြစ်ကာ အဆိုပါပွဲနှင့်ပတ်သက်၍ တိုက်စစ်မှူးဟယ်ရီကိန်းက ”လာမယ့်ပွဲမှာ ကျွန်တော်တို့ချဲလ်ဆီးနဲ့
ကစားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကို မန်ယူအသင်း မျက်နှာသာပေးမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးရှိသေးတယ်။ ကျွန်တော်တို့ ကြိုးပမ်းနိုင်ဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့အားလုံး လုပ်နိုင်မှာပါ” ဟု ပြောကြား
ခဲ့သည်။

Photo: လက်စတာနှင့် စပါးတို့၏ လက်ကျန်ပွဲစဉ်များ (bbc)

comments

error: Content is protected !!