ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်စရာဖြစ်လာဟု အာစင်ဝင်းဂါးပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
Untitled-1
Photo: ဆန်းဒါးလန်းနှင့်ပွဲတွင်တွေ့ရသည့် အာစင်ဝင်းဂါး (Getty Images)

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ၁၉ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးနိုင်သည့် အလားအလာမှာ စိုးရိမ်စရာတစ်ခုဖြစ်လာကြောင်း ပြောကြားခဲ့သည်။

အာဆင်နယ်သည် ယမန်နေ့က ဆန်းဒါးလန်းနှင့်ကစားခဲ့သည့်ပွဲတွင် ၀-၀ သရေရလဒ်ထွက်ပေါ်ခဲ့သဖြင့် အမှတ်ပေးဇယား၌ အဆင့် ၃ နေရာမှ အဆင့် ၄ နေရာသို့ လျော့ကျခဲ့သည်။

ထို့ကြောင့် အာစင်ဝင်းဂါးက ချန်ပီယံလိဂ်ဝင်ခွင့်နှင့်ပတ်သက်၍ ”ခက်ခဲတဲ့အခြေအနေဖြစ်လာလို့ ဂရုစိုက်ရတော့မှာဖြစ်သလို စိုးရိမ်စရာလည်းဖြစ်လာပါတယ်။ စိတ်ပျက်စရာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ချန်ပီယံ ဖြစ်
အောင်ကြိုးစားခဲ့တယ်။ အခု ချန်ပီယံမဖြစ်နိုင်တော့တာက တကယ့်ကိုစိတ်ပျက်စရာပါပဲ” ဟု ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ် ၃ ပွဲယှဉ်ပြိုင်ရန်ကျန်ရှိချိန်တွင် အမှတ်ပေးဇယားဦးဆောင်သူလက်စတာနှင့် ၁၂ မှတ်ကွာဟနေသည့် အာဆင်နယ်သည် ၁၉၉၅-၉၆ ခုနှစ်၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှစတင်၍ ထိပ်ဆုံး ၄ သင်းစာရင်းဝင်အဖြစ်
ရပ်တည်ခဲ့သည့်အသင်းဖြစ်သည်။

Photo: ဆန်းဒါးလန်းနှင့်ပွဲတွင်တွေ့ရသည့် အာစင်ဝင်းဂါး (Getty Images)

comments

error: Content is protected !!