တစ်နှစ်တာအကောင်းဆုံး PFA ကစားသမားအဖြစ် မာရက်ဇ်ရွေးချယ်ခံရ
|
လက်စတာတိုက်စစ်မှူး ရီယက်ဒ်မာရက်ဇ်သည် ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း(PFA)မှပေးအပ်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သည်။
မာရက်ဇ်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၄ အပြီးအထိ ၃၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ပေးကာ လက်စတာကို မထင်မှတ်ထားသည့် ချန်ပီယံလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးခဲ့သည်။
စပါးကွင်းလယ်လူ ဒါလီအလိုင်းမှာ PFA တစ်နှစ်တာလူငယ်ကစားသမားဆုရရှိခဲ့ပြီး မာရက်ဇ်မှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ အာဆင်နယ်ကွင်းလယ်လူ အိုဇဲလ်၊ ၀က်စ်ဟမ်းကွင်းလယ်လူ ပါယက်၊ လက်စတာအသင်းဖော်များဖြစ်သည့် ဗာဒီနှင့် ကန်တီတို့ကိုကျော်ဖြတ်ကာ ယခုဆုရရှိခဲ့ခြင်းဖြစ်သည်။
မာရက်ဇ်သည် ယခုဆုရရှိသည့် ပထမဆုံးအာဖရိကကစားသမားနှင့် လက်စတာကစားသမားဖြစ်လာပြီး ထိုဆုအား ယမန်နေ့ညက ဆွမ်ဆီးကို ၎င်း၏သွင်းဂိုးအပါအ၀င် ၄ ဂိုးပြတ်အနိုင်ရသည့်ပွဲပြီးနောက် လန်ဒန်ရှိ ဂရို့စ်ဗီနောဟိုတယ်တွင် လက်ခံရယူခဲ့သည်။
Next : စီးရီးအေချန်ပီယံအဖြစ် ဂျူဗင်တပ်အောင်ပွဲခံရန် ၁ ပွဲသာလိုတော့