စီးရီးအေချန်ပီယံအဖြစ် ဂျူဗင်တပ်အောင်ပွဲခံရန် ၁ ပွဲသာလိုတော့
|
ဖီအိုရင်တီးနားနှင့်ပွဲအပြီး အောင်ပွဲခံနေသည့် ဂျူဗင်တပ်ကစားသမားများ
စီးရီးအေကလပ်ဂျူဗင်တပ်မှာ ဖီအိုရင်တီးနားကို ရသမြောက်ပွဲစဉ်အဖြစ်ရင်ဆိုင်အနိုင်ရခဲ့ပြီးနောက် စီးရီးအေ ၅ ကြိမ်ဆက်ချန်ပီယံအဖြစ်အောင်ပွဲခံရန် ၁ ပွဲသာ လိုအပ်တော့သည်။
ထို့အပြင် ယနေ့ညကစားမည့် ရိုးမားနှင့်အဝေးကွင်းပွဲတွင် ဒုတိယနေရာမှနာပိုလီ အရေးနိမ့်ခဲ့ပါကလည်း ဂျူဗင်တပ်မှာ ချန်ပီယံဖြစ်ခွင့်ရှိနေသည်။
ဂျူဗင်တပ်မှာ နောက်ဆုံးကစားခဲ့သည့် စီးရီးအေပွဲစဉ် ၂၅ ပွဲအနက် ၂၄ ပွဲအနိုင်ရခဲ့ကာ ကျန် ၁ ပွဲသရေကျခဲ့ပြီး အောက်တိုဘာလနှောင်းပိုင်းက အဆင့် ၁၂ နေရာတွင်ရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှအသင်းနှင့် ၁၁ မှတ်ကွာဟနေမှုကို ပြောင်းလဲပစ်နိုင်ခဲ့သည်။
ဂျူဗင်တပ်နည်းပြ အယ်လီဂရီက”ကျွန်တော်တို့ကို သွားပြီလို့ အားလုံးကထင်ထားခဲ့တာပါ။ ဒါပေမဲ့ ၂၅ ပွဲမှာ ၂၄ ပွဲအနိုင်နဲ့ ပြန်လာနိုင်ခဲ့တာက အမှတ်တရရာသီတစ်ခုဖြစ်စေပါတယ်”ဟု ပြောကြားခဲ့သည်။
Prev : တစ်နှစ်တာအကောင်းဆုံး PFA ကစားသမားအဖြစ် မာရက်ဇ်ရွေးချယ်ခံရ
Next : ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်စရာဖြစ်လာဟု အာစင်ဝင်းဂါးပြောကြား
Next : ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်စရာဖြစ်လာဟု အာစင်ဝင်းဂါးပြောကြား