ယနေ့ညကစားမည့် ဗယ်လီကာနိုနှင့်ပွဲကို ရော်နယ်ဒိုလွဲချော်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
Untitled-1
Photo: ယနေ့ညပွဲကို လွဲချော်မည့် ရော်နယ်ဒို (Getty Images)

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို၏ ညာဘက်ပေါင်ကြွက်သားဒဏ်ရာကို စစ်ဆေးမှုများပြုလုပ်ပြီးနောက် ၎င်းသည်ယနေ့ညတွင်ကစားမည့် ဗယ်လီကာနိုနှင့်ပွဲစဉ်၌ ပါဝင်နိုင်မည်မဟုတ်ကြောင်းသိရသည်။

ရော်နယ်ဒို၏ဒဏ်ရာနှင့်ပတ်သက်၍ မည်မျှခန့်အနားယူရန်လိုအပ်ကြောင်းကို အင်္ဂါနေ့တွင် မန်စီးတီးနှင့်ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မတိုင်မီ ထပ်မံစစ်ဆေးမည်ဖြစ်သည်။

ရီးရဲလ်မက်ဒရစ်သည် လက်ကျန် ၄ ပွဲကျန်ရှိချိန်တွင် အမှတ်ပေးဇယားဦးဆောင်သူဘာစီလိုနာနှင့် ဒုတိယနေရာမှ အက်သလက်တီကိုတို့၏နောက် ၁ မှတ်လျော့ဖြင့် တတိယနေရာတွင်ရပ်တည်နေသည်။

ဗီလာရီးရဲလ်ကို ၃-၀ ဖြင့်အနိုင်ရခဲ့သောပွဲတွင် နောက်ကျောဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သော ဂါရတ်ဘေးလ်မှာ အသင်းနှင့်လေ့ကျင့်ခန်းပြန်ဆင်းပြီဖြစ်သောကြောင့် ယနေ့ညပွဲ၌ပါဝင်လာဖွယ်ရှိသည်။

Photo: ယနေ့ညပွဲကို လွဲချော်မည့် ရော်နယ်ဒို (Getty Images)

comments

error: Content is protected !!