ယခုနှစ်မှချန်ပီယံမဖြစ်လျှင် နောက်တစ်ကြိမ်ဆိုသည်မှာ မသေချာတော့ကြောင်း ရေနီယာရီပြောကြား
|
လက်စတာနည်းပြ ရေနီယာရီက ပရီးမီးယားလိဂ်ဖလားကို ယခုနှစ်မှမဆွတ်ခူးနိုင်ခဲ့လျှင် နောက်တစ်ကြိမ်အခွင့်အရေးရရန် မလွယ်ကူတော့ကြောင်း ပြောကြားခဲ့သည်။
လက်စတာသည် လက်ကျန် ၄ ပွဲကျန်ရှိချိန်တွင် ဒုတိယနေရာမှစပါးကို ၅ မှတ်အသာဖြင့် ဦးဆောင်နေပြီး လာမည့်ဘောလုံးရာသီ ချန်ပီယံလိဂ်ဝင်ခွင့်သေချာသွားပြီလည်းဖြစ်သည်။
“ဒီနှစ်မှမရရင် နောက်ထပ်ဒီလိုအခွင့်အရေးမျိုးရဖို့ မလွယ်တော့ပါဘူး။ ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားပြီဖြစ်ပေမယ့် ဖလားရဖို့ကိုလည်း ရှိသမျှခွန်အားနဲ့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ ချန်ပီယံဖြစ်ဖို့ ၈ မှတ်လိုနေပါတယ်။ ကစားသမားေ
တွကိုလည်း ဒီအချိန်ဟာ အစွမ်းကုန်အားထုတ်ဖို့ အချိန်ကောင်းပဲလို့ ကျွန်တော်ပြောထားပါတယ်”ဟု ရေနီယာရီက ပြောကြားခဲ့သည်။
လက်စတာသည် လက်ကျန် ၄ ပွဲတွင် ၃ ပွဲအနိုင်ရလျှင် ချန်ပီယံဖြစ်ရန်သေချာမည်ဖြစ်ပြီး ရေနီယာရီသည် လက်စတာချန်ပီယံဖြစ်နိုင်ကြောင်း ယခုတစ်ကြိမ်တွင်မှ ပထမဆုံးဖွင့်ဟခြင်းလည်းဖြစ်သည်။
Photo: သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ရေနီယာရီ (Getty Images)
Next : ယနေ့ညကစားမည့် ဗယ်လီကာနိုနှင့်ပွဲကို ရော်နယ်ဒိုလွဲချော်မည်