ဟာသာဘာလင်ကို အနိုင်ယူကာ ၄ နှစ်ဆက်ချန်ပီယံဖြစ်ရန် ဘိုင်ယန်မြူးနစ်နီးစပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
Untitled-1
Photo: ဘိုင်ယန်မြူးနစ်ကစားသမားများကိုတွေ့ရစဉ် (Getty Images)

ယနေ့ညတွင်ကစားမည့် ဟာသာဘာလင်နှင့်ပွဲစဉ်တွင် အနိုင်ရခဲ့လျှင် ဘိုင်ယန်မြူးနစ်သည် ၄ နှစ်ဆက် ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ရန် အခွင့်အရေးရရှိမည်ဖြစ်သည်။

သို့သော် ပွဲချိန်တူကစားမည့် ဒုတိယနေရာမှဒေါ့မွန်နှင့် စတုဂတ်တို့ပွဲစဉ်တွင် ဒေါ့မွန်အသင်းရှုံးနိမ့်ကာ ဘိုင်ယန်မြူးနစ်က ဟာသာဘာလင်ကိုအနိုင်ရမှသာ ဆုဖလားကိုဆွတ်ခူးနိုင်မည်လည်းဖြစ်သည်။

အကယ်၍ ဘိုင်ယန်မြူးနစ်သည် ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်လာခဲ့လျှင် လာမည့်နွေရာသီတွင် မန်စီးတီးသို့ပြောင်းရွှေ့မည့် နည်းပြဂွါဒီယိုလာမှာ ၎င်းတာဝန်ယူကိုင်တွယ်သော ၃ နှစ်စလုံး အမှတ်ပေးဖလားဆွတ်ခူးနိုင်သည့် နည်းပြတစ်ဦြး
ဖစ်လာမည်ဖြစ်သည်။

သို့သော်နည်းပြဂွါဒီယိုလာက “စတုဂတ်ကိုဒေါ့မွန်နိုင်မှာပါ။ အဲဒါကြောင့် ကျွန်တော်တို့ ၂ ပွဲအနိုင်ရဖို့လိုပါသေးတယ်”ဟု ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်သည် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် အက်သလက်တီကိုနှင့်လည်းကောင်း၊ ပိုကယ်ဖလားဗိုလ်လုပွဲတွင် ဒေါ့မွန်နှင့်လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဖလား ၃ လုံးရယူနိုင်ရန် နီးစပ်သောအနေအထားသို့ ရောက်ရှိနေသ
ည်။

Photo: ဘိုင်ယန်မြူးနစ်ကစားသမားများကိုတွေ့ရစဉ် (Getty Images)

comments

error: Content is protected !!