ယူရို ၂၀၁၆ အတွက် ရက်ခ်ျဖို့ဒ်ကိုခေါ်ရန်မသင့်ကြောင်း ရွိုင်းဟော့ဆန်ပြောကြား
|
အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆန်က ယူရို ၂၀၁၆ လူစာရင်းတွင် မားကပ်စ်ရက်ခ်ျဖို့ဒ်ကိုထည့်သွင်းရန်အတွက် ၎င်းထက်ပိုမိုသင့်တော်သောကစားသမားတစ်ဦးကို မချန်ထားခဲ့လိုကြောင်း ပြောကြားခဲ့သည်။
အသက် ၁၉ နှစ်ပြည့်ရန်ပင် ၆ လခန့်လိုသေးသော မန်ယူလူငယ်တိုက်စစ်မှူးရက်ခ်ျဖို့ဒ်သည် ပွဲဦးထွက်ခွင့်ရစဉ်ကတည်းက ခြေစွမ်းပြလျက်ရှိပြီး ၁၃ ပွဲတွင် ၇ ဂိုးသွင်းယူနိုင်ခဲ့သည်။
ရွိုင်းဟော့ဆန်သည် ရက်ခ်ျဖို့ဒ်၏ခြေစွမ်းကိုသဘောကျသော်လည်း အင်္ဂလန်တိုက်စစ်တွင် ၀ိန်းရွန်နီ၊ ဟယ်ရီကိန်း၊ ဗာဒီ၊ စတာရစ်ခ်ျ၊ ၀ဲလ်ဘတ်နှင့် ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲတွင် ၆ ဂိုးသွင်းထားခဲ့သော ၀က်စ်ဟမ်းတိုက်စစ်မှူး အ
န်ဒီကာရိုးလ်တို့ရှိနေသောကြောင့် ဆယ်ကျော်သက်တိုက်စစ်မှူးရက်ခ်ျဖို့ဒ်ကို ခေါ်ရန်မသင့်တော်ကြောင်း ယူဆဟန်ရှိသည်။
“သူ့ကိုခေါ်မယ်ဆို သူ့ထက်ပိုသင့်တော်တယ်လို့ကျွန်တော်ထင်တဲ့ ကစားသမားတစ်ယောက်ကို ချန်ထားခဲ့ရမှာပါ။ ဒါပေမဲ့ သူအဆင်သင့်မဖြစ်သေးဘူး။ သူမလုပ်နိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။ ယူရိုပြိုင်ပွဲအတွက် ခေါ်သွားလည်းသြူေ
ခစွမ်းပြနိုင်တာသေချာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာရှိနေတဲ့ကစားသမားတွေနဲ့ ကစားရမယ့်ပြိုင်ပွဲအနေအထားအရ ခေါ်ဖို့မသင့်တော်ဘူးလို့ ကျွန်တော်ထင်ပါတယ်”ဟု ရွိုင်းဟော့ဆန်က ပြောကြားခဲ့သည်။
Photo: ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်း၌ ပါဝင်ခွင့်ရမည်မဟုတ်သည့် ရက်ခ်ျဖို့ဒ် (Getty Images)
Next : ယခုနှစ်မှချန်ပီယံမဖြစ်လျှင် နောက်တစ်ကြိမ်ဆိုသည်မှာ မသေချာတော့ကြောင်း ရေနီယာရီပြောကြား