PFA ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးအသင်းတွင် လက်စတာနှင့်စပါးမှ ကစားသမားအများစုပါဝင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
Untitled-1
Photo: PFA ၏ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးအသင်း (PFA)

PFA မှထုတ်ပြန်သော ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးအသင်းတွင် စပါးနှင့်လက်စတာတို့မှ ကစားသမား ၈ ဦးအထိရွေးချယ်ခံခဲ့ရသည်။

အဆိုပါ လူစာရင်းကို PFA က တနင်္ဂနွေနေ့တွင် ကျင်းပမည့် ဆုပေးပွဲတွင်မှ ထုတ်ပြန်ရန်စီစဉ်ထားခဲ့သော်လည်း အချက်အလက်များပေါက်ကြားခဲ့ဖွယ်ရှိသောကြောင့် စောစီးစွာထုတ်ပြန်ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

လက်စတာမှ ဗာဒီ၊ မော်ဂန်၊ ကန်တီနှင့် မာရက်ဇ်၊ စပါးမှ ဟယ်ရီကိန်း၊ အယ်ဒါဝီရယ်၊ ဒန်နီရို့စ်နှင့် ဒါလီအလိုင်းတို့မှာ အဆိုပါတစ်နှစ်တာအကောင်းဆုံးလူစာရင်းတွင် ပါဝင်ခဲ့ပြီး မန်ယူဂိုးသမား ဒီဂီယာ၊ အာဆင်နယ်နောက်ခံလူ ဘ
ယ်လာရင်နှင့် ၀က်စ်ဟမ်းမှပါယက်တို့လည်းရွေးချယ်ခံခဲ့ရသည်။

PFA ဆုပေးပွဲကို ဧပြီလ ၂၄ ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ပြီး ထိုပွဲ၌ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ကြေညာမည်ဖြစ်သည်။

PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းတွင် ဗာဒီ၊ ဟယ်ရီကိန်း၊ မာရက်ဇ်၊ အိုဇဲလ်နှင့် ပါယက်တို့ ပါဝင်ကြောင်းသိရသည်။

Photo: PFA ၏ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးအသင်း (PFA)

comments

error: Content is protected !!