အိုဝင်ကို ကလပ်၏နိုင်ငံတကာသံတမန်အဖြစ် ခန့်အပ်မှုအပေါ် လီဗာပူးပရိသတ်များ ဒေါသတကြီးတုံ့ပြန်
|
လီဗာပူးပရိသတ်များသည် အဓိကပြိုင်ဘက် မန်ယူသို့ပြောင်းရွှေ့ခဲ့သည့် ကစားသမားဟောင်း မိုက်ကယ်အိုဝင်ကို ကလပ်၏ပထမဆုံးနိုင်ငံတကာသံတမန်အဖြစ် လီဗာပူးအသင်းမှခန့်အပ်ခဲ့မှုအပေါ် မကျေမနပ်ဖြစ်နေကြကြောင်းသိရသ
ည်။
အိုဝင်ကို နိုင်ငံတကာသံတမန်အဖြစ်ခန့်အပ်ကြောင်း ကြာသပတေးနေ့က လီဗာပူးမှ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အသင်းပရိသတ်များက “မန်ယူရဲ့အိုဝင်လား။ ဒါဆိုရင်တော့ ကျေးဇူးမတင်နိုင်ပါဘူး” ဟူသည့် မှတ်ချက်အပါ
အ၀င် အဆိုပါခန့်အပ်မှုကို သဘောမတူကြောင်းပြသသည့် မှတ်ချက်များ လူမှုကွန်ရက်တွင်တုံ့ပြန် ရေးသားခဲ့ကြသည်။
“ကျွန်တော် လီဗာပူးပရိသတ်တစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင် လီဗာပူးကစားသမားဟောင်းတစ်ယောက်ကို နိုင်ငံတကာသံတမန်အဖြစ်ခန့်အပ်မှုအပေါ် ပျော်ပျော်ရွှင်ရွှင်နဲ့ ဂုဏ်ပြုလိုက်မှာပါ၊ လီဗာပူးဟာ ကမ္ဘာ့မှာကြီးကျယ်ခမ်းနားဆုံ
းဘောလုံးမိသားစုပါပဲ။ အသင်းမှာ တရားဝင်ပြန်လည်ပူးပေါင်းခွင့်ရတဲ့အတွက် အရမ်းကိုကျေနပ်ပျော်ရွှင်မိပါတယ်” ဟု အိုဝင်ကဆိုသည်။
၂၀၀၉ ခုနှစ်တွင် နယူးကာဆယ်မှ မန်ယူသို့ပြောင်းရွှေ့ခဲ့သူ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း အိုဝင်သည် လီဗာပူးအတွက် ၂၉၇ ပွဲကစားပြီး ၁၅၈ ဂိုးသွင်းယူပေးထားခဲ့သူဖြစ်သည်။
Photo: လီဗာပူး၏ နိုင်ငံတကာသံတမန်ဖြစ်လာသူ အိုဝင် (Getty Images)
Next : ယူရို ၂၀၁၆ အတွက် ရက်ခ်ျဖို့ဒ်ကိုခေါ်ရန်မသင့်ကြောင်း ရွိုင်းဟော့ဆန်ပြောကြား