လီဗာပူးတိုက်စစ်မှူးအိုရီဂီ ဒဏ်ရာရရှိခဲ့သော်လည်း ခြေကျင်းဝတ်မကျိုးခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
zzz
Photo: ထမ်းစင်ဖြင့် အိုရီဂီကို သယ်ထုတ်နေစဉ် (Getty Images)

ယမန်နေ့က အဲဗာတန်ကို ၄-၀ ဖြင့်အနိုင်ရခဲ့သောပွဲတွင် လီဗာပူးတိုက်စစ်မှူးအိုရီဂီ ရရှိခဲ့သောဒဏ်ရာကို စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ပြီး ခြေကျင်းဝတ်မှာမူ ကျိုးသွားခြင်းမရှိကြောင်းသိရသည်။

အသက် ၂၁ နှစ်အရွယ် ဘယ်လ်ဂျီယံလက်ရွေးစင် အိုရီဂီသည် အဆိုပါမာဆေးဆိုက်ဒါဘီပွဲစဉ်တွင် လီဗာပူးအတွက်အဖွင့်ဂိုး သွင်းယူပေးခဲ့သူလည်းဖြစ်သည်။

သို့သော် ဒုတိယပိုင်းတွင် အဲဗာတန်နောက်ခံလူမော်ရီ၏ ဖျက်ထုတ်ပုံကြမ်းတမ်းမှုကြောင့် အိုရီဂီမှာ ဒဏ်ရာရရှိခဲ့ပြီး ထမ်းစင်ဖြင့်သယ်ထုတ်ခံရကာ မော်ရီလည်းထုတ်ပယ်ခံခဲ့ရသည်။

“သူ့ဒဏ်ရာကို မြင်လိုက်ရတဲ့သူတိုင်းက ခြေကျင်းဝတ်ကျိုးသွားပြီလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ မကျိုးပါဘူး။ သူ့ခြေကျင်းဝတ်က လည်ရုံပဲလည်သွားတာပါ။ အရွတ်ကိုထိခိုက်မိလားဆိုတာတော့ ကျွန်တော်တို့စောင့်ကြည့်ရပါမယ်”ဟု လီ
ဗာပူးနည်းပြယာဂင်ကလော့ပ်က ပြောကြားခဲ့သည်။

Photo: ထမ်းစင်ဖြင့် အိုရီဂီကို သယ်ထုတ်နေစဉ် (Getty Images)

comments

error: Content is protected !!