အိုလံပစ်ပြိုင်ပွဲတွင် ဘရာဇီးအတွက် နေမာပါဝင်မည်ဖြစ်သော်လည်း ကိုပါအမေရိကပြိုင်ပွဲကိုလွဲချော်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
Untitled-1
Photo: ကိုပါအမေရိကရာပြည့်ပြိုင်ပွဲကို လွဲချော်ရတော့မည့် နေမာ (Getty Images)

နေမာသည် လာမည့်နွေရာသီတွင် ရီယိုဒီဂျနေရိုးမြို့၌ ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲတွင် ဘရာဇီးအတွက်ပါဝင်ကစားမည်ဖြစ်သော်လည်း ကိုပါအမေရိကပြိုင်ပွဲတွင်မူ ပါဝင်မည်မဟုတ်ကြောင်း ဘာစီလိုနာက ဒီပို့တီဗိုကို ၈-၀ ဖြင့်အနိုင်ရခဲ့
သောပွဲစဉ်အပြီးတွင် ထုတ်ပြန်ကြေညာခဲ့သည်။

နေမာက ပြိုင်ပွဲ ၂ ရပ်လုံးတွင် ပါဝင်ကစားလိုကြောင်း ဖွင့်ဟထားသော်လည်း ဘာစီလိုနာက ၎င်းတို့၏ထိပ်တန်းတိုက်စစ်မှူးကို အချိန်ကြာမြင့်စွာ လက်လွတ်မခံလိုသဖြင့် ဘာစီလိုနာနှင့်ဘရာဇီးအသင်းတို့မှာ နေမာကိစ္စနှင့်ပတ်သက်၍
လအတန်ကြာဆွေးနွေးခဲ့ကြပြီး ယခုမှသဘောတူညီမှုရရှိခဲ့ကြခြင်းဖြစ်သည်။

ဘာစီလိုနာ၏ထုတ်ပြန်ချက်တစ်ခုတွင် “နေမာကို သြဂုတ်လ ၃ ရက်နဲ့ ၂၁ ရက်ကြားကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲမှာပဲ ကစားစေဖို့ ကျွန်တော်တို့ဘာစီလိုနာအသင်းက တင်ထားတဲ့အဆိုပြုချက်ကို လက်ခံတဲ့အတွက် ဘရာဇီးဘောလုံးအဖွဲ့
ချုပ်နဲ့ ဥက္ကဋ္ဌမာကိုပိုလိုဒယ်နီရိုကို ကျေးဇူးတင်ပါတယ်။ ဇွန်လ ၃ ရက်ကနေ ၂၆ ရက်အထိကျင်းပမယ့် ကိုပါအမေရိကပြိုင်ပွဲမှာတော့ ဘရာဇီးအတွက် နေမာကစားမှာမဟုတ်ပါဘူး”ဟု ဖော်ပြပါရှိသည်။

နွေရာသီတွင် ဘရာဇီးအသင်းယှဉ်ပြိုင်ရမည့်ပြိုင်ပွဲများ
————————————————————-
ဇွန် ၃ ရက်မှ ၂၆ ရက်(ကိုပါအမေရိက ရာပြည့်ပြိုင်ပွဲ)
သြဂုတ် ၃ ရက်မှ ၂၀ ရက်(အိုလံပစ်ပြိုင်ပွဲ)

Photo: ကိုပါအမေရိကရာပြည့်ပြိုင်ပွဲကို လွဲချော်ရတော့မည့် နေမာ (Getty Images)

comments

error: Content is protected !!