ကလော့ပ်မှာ မိမိတို့ကို သက်ညှာမည်မဟုတ်ကြောင်း ဒေါ့မွန်နည်းပြတူချယ် သတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
eee
Photo: သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ဒေါ့မွန်နည်းပြတူချယ် (Getty Images)

နည်းပြဟောင်းယာဂင်ကလော့ပ်သည် မိမိတို့ဒေါ့မွန်အသင်းကို ညှာတာမည်မဟုတ်ကြောင်း ဒေါ့မွန်နည်းပြတူချယ်က အသင်းသားများကိုသတိပေးသွားခဲ့သည်။

ဒေါ့မွန်ကိုကိုင်တွယ်ခဲ့သော ၇ နှစ်တာကာလအတွင်း အမှတ်ပေးဖလား ၂ ကြိမ်၊ ပိုကယ်ဖလား ၁ ကြိမ်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ်သို့ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ဖူးသော ယာဂင်ကလော့ပ်အတွက် အသင်းဟောင်းနှင့်ရင်ဆိုင်မ
ည်ပွဲတွင် နွေးထွေးစွာကြိုဆိုမည်ဖြစ်ကြောင်း တူချယ်ကဖွင့်ဟခဲ့သည်။

“ယာဂင်ကလော့ပ်ကို ကျွန်တော်တို့ နွေးနွေးထွေးထွေး ကြိုဆိုမှာပါ။ ယာဂင်ကလော့ပ်က ဒီပွဲကိုအနိုင်ရဖို့ အကောင်းဆုံးကြိုးစားမယ်ဆိုတာသိပါတယ်။ အသင်းဟောင်းဆိုပြီးညှာမှာမဟုတ်ပါဘူး။ ကျွန်တော်တို့လည်း တူတူပါပဲ”ဟု တူ
ချယ်ကပြောကြားခဲ့သည်။

လက်ရှိလီဗာပူးနည်းပြယာဂင်ကလော့ပ်ကို ၎င်း၏အသင်းဟောင်းမှပြန်လည်ကြိုဆိုရခြင်းသည် ဒေါ့မွန်နည်းပြတူချယ်အဖို့ ထူးခြားသောအတွေ့အကြုံတစ်ခု မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် ယာဂင်ကလော့ပ်နည်းပြဘ၀စတင်ခဲ့သည့် မိန့်ဇ်အသင်းကို တူချယ်က ၅ နှစ်ခန့်ကိုင်တွယ်ခဲ့ဖူးပြီး ထိုစဉ်က ဒေါ့မွန်ကိုကိုင်တွယ်နေသော ယာဂင်ကလော့ပ်နှင့် ရင်ဆိုင်တွေ့ခဲ့ဖူးသောကြောင့်ဖြစ်သည်။

“ကလော့ပ်ကို အသင်းဟောင်းကနေပြန်လည် ကြိုဆိုရတာ ဒါပထမဆုံးမဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် ၆ ကြိမ်မြောက်ပါ”ဟု တူချယ်က ဖွင့်ဟသွားခဲ့သည်။

Photo: သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ဒေါ့မွန်နည်းပြတူချယ် (Getty Images)

comments

error: Content is protected !!