မန်စီးတီးသည် နောက်တစ်ဆင့်တက်ရန် ရေပန်းစားသောအသင်းမဟုတ်ဟု ပယ်လီဂရီနီပြောကြား
|
မန်စီးတီးသည် ယမန်နေ့က ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ပီအက်စ်ဂျီကို အဝေးကွင်း၌ ၂-၂ ဖြင့်သရေရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် နည်းပြပယ်လီဂရီနီက ၎င်း၏အသင်းသည် နောက်တစ်ဆင့်သို့တက်ရောက်နိုင်ရန်
ရေပန်းစားသောအသင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။
သို့သော်မန်စီးတီးသည် အဝေးဂိုး ၂ ဂိုးရခဲ့သောကြောင့် လာမည့်တစ်ပတ်အင်္ဂါနေ့တွင်ကစားမည့် အိမ်ကွင်းပွဲစဉ်တွင် ၁-၁ ရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်နိုင်လျှင်ပင် ဆီမီးဖိုင်နယ်သို့ရောက်ရှိမည်ဖြစ်သည်။
သို့ရာတွင် ပယ်လီဂရီနီက “ကျွန်တော်တို့ဟာ ဒီပွဲမကန်ခင်ကရော ကန်ပြီးတော့ရော နောက်တစ်ဆင့်အတွက် ရေပန်းစားတဲ့အသင်းမဖြစ်ခဲ့ပါဘူး။ အသင်းကြီး ၂ သင်းရဲ့ကြားမှာ ရေပန်းစားတဲ့အသင်းဆိုတာမရှိပါဘူး”ဟု ဖွင့်ဟသွားခဲ့သည်။
ထို့အပြင် ပယ်လီဂရီနီက “ဆီမီးဖိုင်နယ်အကြောင်းကို ကျွန်တော်တို့ပြောလို့မဖြစ်သေးပါဘူး။ ဒီရလဒ်ကိုမေ့ပစ်ပြီး ဒုတိယအကျော့ပွဲစဉ်ကို ကစားရမှာပါ။ နောက်တစ်ဆင့်တက်နိုင်မှ အဲဒီအကြောင်းကိုပြောပါမယ်”ဟု ထပ်လောင်းပြော ကားခဲ့သည်။
Photo: ပီအက်စ်ဂျီနှင့်ပွဲတွင် တွေ့ရသည့် ပယ်လီဂရီနီ (Getty Images)
Next : အသင်းဟောင်းနှင့် ရင်ဆိုင်ရမည့်အတွက် စိတ်လှုပ်ရှားမှုမရှိကြောင်း ကလော့ပ်ဖွင့်ဟ