အသင်းဟောင်းနှင့် ရင်ဆိုင်ရမည့်အတွက် စိတ်လှုပ်ရှားမှုမရှိကြောင်း ကလော့ပ်ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
rrr
Photo: သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ကလော့ပ် (Getty Images)

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က အသင်းဟောင်းနှင့်ရင်ဆိုင်ရမည့်အပေါ် စိတ်လှုပ်ရှားမှုမရှိကြောင်းနှင့် ဒေါ့မွန်ကွင်းတွင်သွားရောက်ကစားရခြင်းသည် မြောက်ကိုရီးယားသို့သွားရခြင်းထက် ပိုမိုကောင်းမွန်ကြောင်းပြောကြားခဲ့သည်။

လီဗာပူးသည် ယနေ့ညတွင် ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမကျော့ပွဲစဉ်ကို ဒေါ့မွန်ကွင်းတွင်သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

“အသင်းဟောင်းနဲ့ ပြန်ကစားရမယ့်အပေါ် လူတွေကအမျိုးမျိုးပြောနေကြပေမယ့် ကျွန်တော့်အတွက်တော့ ဘာမှမခက်ခဲပါဘူး။ ဒီမှာ သူငယ်ချင်းတွေလည်းရှိပါတယ်။ ကျွန်တော် ဘေးကျပ်နံကျပ်မဖြစ်သလို စိတ်ခံစားမှုလည်း ကြီးကြီး
မားမားမရှိပါဘူး။ ဒီမှာကစားရတာ မြောက်ကိုရီးယား ဒါမှမဟုတ် တစ်နေရာမှာ သွားကစားရတာထက်တော့ ပိုကောင်းပါတယ်”ဟု ကလော့ပ်က ဖွင့်ဟခဲ့သည်။

ဒေါ့မွန်တွင် ၇ နှစ်ကြာနည်းပြတာဝန်ယူခဲ့ပြီး ဘွန်ဒက်စ်လီဂါဖလား ၂ ကြိမ်ဆွတ်ခူးနိုင်ခဲ့သော ယာဂင်ကလော့ပ်က ဒေါ့မွန်သည်နောက်တစ်ဆင့်အတွက် ပို၍ရေပန်းစားသောအသင်းဖြစ်ပြီး မိမိတို့အသင်းမှာ ပွဲစဉ် နှစ်ကျော့စလုံးခက်ခ
က်ခဲခဲ ကစားရဖွယ်ရှိကြောင်းလည်း ဖွင့်ဟသွားခဲ့သည်။

Photo: သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ကလော့ပ် (Getty Images)

comments

error: Content is protected !!