ချန်ပီယံလိဂ်မှ ဘာစီလိုနာထွက်ခွာရမည်ကို မလိုလားမှုများရှိနေကြောင်း ဖိလစ်ပီလူးဝစ်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
qq
Photo: ဟွမ်ဖရန်ကို ကန်ခဲ့သည့် ဆွာရက်ဇ် (Rex:Features)

အက်သလက်တီကိုနောက်ခံလူ ဖိလစ်ပီလူးဝစ်က ဘာစီလိုနာ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာရမည်ကို မလိုလားမှုများရှိနေပြီး ယမန်နေ့ကယှဉ်ပြိုင်ခဲ့သည့်ပွဲ၌ ၎င်းတို့အသင်း မမျှမတဆက်ဆံခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

အက်သလက်တီကိုသည် ယမန်နေ့က ဘာစီလိုနာနှင့် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ၁-၀ ဖြင့်ဦးဆောင်နေရာမှ ဂိုးသွင်းယူခဲ့သော တိုက်စစ်မှူးတောရက်စ် ထုတ်ပယ်ခံခဲ့ရပြီး ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့သည်။

“ကျွန်တော်တို့အသင်းက ထုတ်ခံရသလိုမျိုး ဘာစီလိုနာကစားသမားတွေ ဘာဖြစ်လို့အထုတ်မခံရလဲဆိုတာ စဉ်းစားလို့မရပါဘူး။ လုံးဝမမျှတတဲ့ပွဲဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာ ပြိုင်ပွဲကထွက်ရမှာကို မလိုလားမှုတွေရှိနေတယ်လို့ ကျွန်တော်
ထင်ပါတယ်”ဟု ဘယ်နောက်ခံလူဖိလစ်ပီလူးဝစ်က ဖွင့်ဟသွားခဲ့သည်။

ထို့အပြင် လူးဝစ်က ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်ရန် ခက်ခဲသွားပြီဖြစ်သော်လည်း ကြိုးစားလျှင်ဖြစ်နိုင်သေးကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ဘာစီလိုနာအတွက် ၂ ဂိုးစလုံးကို တိုက်စစ်မှူးဆွာရက်ဇ်ကသွင်းယူခဲ့ပြီး ပထမဂိုးမသွင်းယူမီ ဆွာရက်ဇ်သည် အက်သလက်တီကိုမှ ဟွမ်ဖရန်ကို ကန်ခဲ့ဖွယ်ရှိသော်လည်း ဒိုင်လူကြီးက ပြစ်ဒဏ်သတ်မှတ်ပေးခဲ့ခြင်းမရှိချေ။

Photo: ဟွမ်ဖရန်ကို ကန်ခဲ့သည့် ဆွာရက်ဇ် (Rex:Features)

comments

error: Content is protected !!