ဒိုင်လူကြီးကိုတွန်းခဲ့သော ဟီဂူအင် ၄ ပွဲပယ်ခံရ
|
နာပိုလီတိုက်စစ်မှူးဟီဂူအင်သည် တနင်္ဂနွေနေ့က အူဒီးနိစ်အသင်းနှင့်ကစားခဲ့သည့်ပွဲစဉ်အတွင်း ဒေါသတကြီးကျူးလွန်ခဲ့သောအပြုအမူကြောင့် ၄ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။
အသက် ၂၈ နှစ်အရွယ် စီးရီးအေထိပ်တန်းဂိုးသွင်းရှင်တစ်ဦးဖြစ်သူဟီဂူအင်သည် အူဒီးနီစ်ကွင်း၌ ၃-၁ ဖြင့်ရှုံးနိမ့်ခဲ့သော အဆိုပါပွဲစဉ်တွင် အနီကတ်ဖြင့်ထုတ်ပယ်ခံခဲ့ရသည်။
ထိုသို့ထုတ်ပယ်ခံရချိန်တွင် ဟီဂူအင်က ဒိုင်လူကြီးကို တွန်းခဲ့ပြီး အော်ဟစ်ပြောဆိုခြင်းကြောင့် အသင်းဖော်များက ၎င်းအားကွင်းတွင်းမှ ဆွဲထုတ်ခဲ့ရသည်။
နာပိုလီနည်းပြ မာရီဇီယိုဆာရီသည်လည်း ဒိုင်အဖွဲ့ကိုစိန်ခေါ်ခဲ့သည့် အပြုအမူကြောင့် ပွဲကြီးကြပ်ခွင့် ၁ ပွဲ ပိတ်ပင်ခံခဲ့ရသည်။
နာပိုလီသည် လက်ကျန် ၇ ပွဲကျန်ရှိချိန်တွင် အမှတ်ပေးဇယားဦးဆောင်သူ ဂျူဗင်တပ်နှင့် ၆ မှတ်ကွာဟနေသည်။
Photo: ဟီဂူအင်ကို အသင်းဖော်များနှင့် အူဒီးနိစ်ကစားသမားမျာက ထိန်းချုပ်နေစဉ် (Getty Images)
Next : မန်စီးတီးသည် နောက်တစ်ဆင့်တက်ရန် ရေပန်းစားသောအသင်းမဟုတ်ဟု ပယ်လီဂရီနီပြောကြား