လုပ်ပွဲကစားမှုနှင့်ပတ်သက်၍ ကွန်တီအား ထောင်ဒဏ်ကျခံစေရန် အီတလီအစိုးရရှေ့နေတစ်ဦးလိုလားနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
www
Photo: အီတလီနည်းပြ ကွန်တီ (Getty Images)

ချဲလ်ဆီးနည်းပြသစ်ဖြစ်လာမည့် အန်တိုနီယိုကွန်တီအား လုပ်ပွဲကစားမှုနှင့်ပတ်သက်၍ ထောင်ဒဏ် ၆ လနှင့် ဒဏ်ကြေးပေးဆောင်စေရန် အီတလီနိုင်ငံအစိုးရရှေ့နေတစ်ဦးက လိုလားနေကြောင်း ကွန်တီ၏ရှေ့နေကပြောကြားခဲ့သည်။

အဆိုပါကိစ္စမှာ ၂၀၁၁ ခုနှစ်က အီတလီစီးရီးဘီမှ ဆီနာအသင်းကို ကွန်တီကိုင်တွယ်စဉ်က ကျူးလွန်ခဲ့ဖွယ်ရှိသော ကိစ္စရပ်များကို ရည်ရွယ်ခြင်းဖြစ်သည်။

အသက် ၄၆ နှစ်အရွယ် ဂျူဗင်နည်းပြဟောင်းကွန်တီသည် လက်ရှိတွင်အီတလီလက်ရွေးစင်းအသင်းကိုကိုင်တွယ်နေပြီး ယူရို ၂၀၁၆ အပြီး ချဲလ်ဆီးနည်းပြအဖြစ်တာဝန်ယူမည်ဖြစ်သည်။

ကွန်တီသည် ၂၀၁၁ ခုနှစ်ကကိစ္စရပ်နှင့်ပတ်သက်၍ အီတလီဘောလုံးအဖွဲ့ချုပ်မှချမှတ်ခဲ့သော ပွဲပယ်ပြစ်ဒဏ်ကိုလည်းခံခဲ့ရပြီးဖြစ်သည်။

အဆိုကိစ္စနှင့်ပတ်သက်၍ ချဲလ်ဆီးအသင်းက တစ်စုံတရာမှတ်ချက်မပြုကြောင်း အသင်း၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖွင့်ဟခဲ့သည်။

Photo: အီတလီနည်းပြ ကွန်တီ (Getty Images)

comments

error: Content is protected !!