ယခုရာသီအကုန်တွင် မန်စီးတီးမှ ယာယာတိုရေးထွက်ခွာမည်ဟု အေးဂျင့် ဖွင့်ဟ
|
ယာယာတိုရေးသည် လာမည့်နွေရာသီတွင် မန်စီးတီးမှထွက်ခွာမည်ဖြစ်ပြီး ကမ်းလှမ်းမှုများလည်းရှိကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူ ဒီမီထရီဆီလက်ကဖွင့်ဟသွားခဲ့သည်။
အသက် ၃၂ နှစ်အရွယ်အိုင်ဗရီကို့စ်ကွင်းလယ်လူ ယာယာတိုရေးသည် ၂၀၁၀ ဇူလိုင်လက ဘာစီလိုနာမှ ပေါင် ၂၄ သန်းဖြင့် မန်စီးတီးသို့ပြောင်းရွှေ့ခဲ့ပြီး ထိုစဉ်က ၎င်းအားရောင်းချခဲ့သူမှာ လာမည့်နှစ်တွင် မန်စီးတီးကိုကိုင်တွယ်မည့် န
ည်းပြဂွါဒီယိုလာဖြစ်သည်။
ယာယာတိုရေး၏ ဦးစားပေးရွေးချယ်မှုသည် မန်စီးတီးနည်းပြဟောင်း ရောဘတ်တိုမန်စီနီ၏ အင်တာမီလန်ဖြစ်လာဖွယ်ရှိနေသော်လည်း အေးဂျင့်ဖြစ်သူဆီလက်က ဆုံးဖြတ်ချက်မချရသေးကြောင်း ပြောကြားခဲ့သည်။
“တိုရေးကို ကမ်းလှမ်းထားတဲ့ အသင်းတွေများပါတယ်။ အဲဒီအထဲက ကျွန်တော်တို့ရွေးချယ်မှာပါ။ အင်တာက အသင်းကောင်းတစ်သင်းပါ။ တိုရေးနဲ့ မန်စီနီတို့ရဲ့ဆက်ဆံရေးကလည်း ကောင်းမွန်တယ်ဆိုတာ အားလုံးသိပါတယ်။ ဒါပေမဲ့
အခုထိတော့ ဘာမှမဆုံးဖြတ်ရသေးပါဘူး”ဟု ဆီလက်က ဖွင့်ဟသွားခဲ့သည်။
ထို့အပြင် ဆီလက်က “ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ ငွေကြေးပေါ်မူတည်ပြီးဆုံးဖြတ်မှာမဟုတ်ပါဘူး။ အသင်းရဲ့ဦးတည်ချက်အပေါ် မူတည်ဆုံးဖြတ်မှာပါ။ ဦးတည်ချက်ကောင်းကောင်းနဲ့ ကမ်းလှမ်းတဲ့အသင်းကသာ ကျွန်တော်တို့ကို စွဲ
ဆောင်နိုင်မှာပါ”ဟု ထပ်လောင်းပြောကြားခဲ့သည်။
Photo: ဘောလုံးရာသီအကုန်တွင် မန်စီးတီးမှထွက်ခွာမည့် ယာယာတိုရေး (Getty Images)
Next : မန်ယူနောက်ခံလူလုခ်ရှော အသင်းနှင့်အတူလေ့ကျင့်ခန်းပြန်ဆင်း