မန်ယူနောက်ခံလူလုခ်ရှော အသင်းနှင့်အတူလေ့ကျင့်ခန်းပြန်ဆင်း
|
Photo: လေ့ကျင့်ခန်းပြန်ဆင်းနေသည့် လုခ်ရှော (Getty Images)
ဒဏ်ရာကြောင့် ၇ လခန့်အနားယူခဲ့ရသော မန်ယူနောက်ခံလူ လုခ်ရှောသည် တနင်္လာနေ့က အသင်းနှင့်အတူလေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
အသက် ၂၀ အရွယ် အင်္ဂလန်နောက်ခံလူ လုခ်ရှောသည် စက်တင်ဘာလက ပီအက်စ်ဗီကိုရှုံးနိမ့်ခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် ခြေထောက်ကျိုးခဲ့ခြင်းဖြစ်သည်။
လုခ်ရှောမကြာမီပြန်ကစားနိုင်တော့မည်ဖြစ်ကြောင်းကို အသင်းဖော်မာတာကလည်း လူမှုကွန်ရက်စာမျက်နှာတွင် ၎င်းတို့နှစ်ယောက်တွဲဓာတ်ပုံကိုတင်၍ အတည်ပြုသွားခဲ့ကြောင်းသိရသည်။
လုခ်ရှောသည် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် အင်္ဂလန်အတွက်ပါဝင်လာဖွယ်ရှိသော်လည်း နည်းပြရွိုင်းဟော့ဆန် လူစာရင်းသတ်မှတ်မည့် မေလ ၁၂ ရက်နေ့မတိုင်မီ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝရန်လိုအပ်နေသည်။
Photo: လေ့ကျင့်ခန်းပြန်ဆင်းနေသည့် လုခ်ရှော (Getty Images)
Prev : ယခုရာသီအကုန်တွင် မန်စီးတီးမှ ယာယာတိုရေးထွက်ခွာမည်ဟု အေးဂျင့် ဖွင့်ဟ
Next : ချန်ပီယံလိဂ်မှ ဘာစီလိုနာထွက်ခွာရမည်ကို မလိုလားမှုများရှိနေကြောင်း ဖိလစ်ပီလူးဝစ်ပြောကြား
Next : ချန်ပီယံလိဂ်မှ ဘာစီလိုနာထွက်ခွာရမည်ကို မလိုလားမှုများရှိနေကြောင်း ဖိလစ်ပီလူးဝစ်ပြောကြား