ဘာစီလိုနာနှင့်ပွဲတွင် အက်သလက်တီကိုအတွက် ဂိုဒင်နှင့် ဆာဗစ် ပြန်လည်ပါဝင်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
qqq
Photo: လေ့ကျင့်ခန်းဆင်းနေသည့် ဂိုဒင် (Reuters)

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ယနေ့ညတွင် ဘာစီလိုနာနှင့်ယှဉ်ပြိုင်မည့်ပွဲ၌ အက်သလက်တီကိုခံစစ်အတွဲဖြစ်သော ဂိုဒင်နှင့် ဆာဗစ်တို့ ပါဝင်ကစားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥရုဂွေးလက်ရွေးစင်နောက်ခံလူသည် အက်သလက်တီကိုခံစစ်၏ အရေးပါသူတစ်ဦးဖြစ်ကာ ၂၀၁၄ ခုနှစ်၊ မေလ၌ ဘာစီလိုနာအိမ်ကွင်းနူးကမ့်တွင် အဆုံးအဖြတ်ဂိုးသွင်းယူ၍ အသင်းအတွက် လာလီဂါချန်ပီယံဆုဆွတ်ခူးပေးနို
င်ခဲ့သူလည်းဖြစ်သည်။

ထို့အပြင် ဂိုဒင်သည် ၂၀၁၄ ခုနှစ်၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ် ဘာစီလိုနာနှင့်ရင်ဆိုင်ခဲ့ရာတွင်လည်း နှစ်ကျော့စလုံးပါဝင်ကစားခဲ့သူဖြစ်သည်။

အသက် ၃၀ နှစ်ရှိ အဆိုပါနောက်ခံလူသည် တံကောက်ကြောဒဏ်ရာကြောင့် ၃ ပတ်အနားယူခဲ့ရပြီးနောက် အစောပိုင်းတွင် ယနေ့ညပွဲစဉ်ကိုလွဲချော်နိုင်ဖွယ်ရှိသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း အသင်းဆေးအဖွဲ့က ပြီးခဲ့သည့်ေ
ဖဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ ကြွက်သားဒဏ်ရာကြောင့်လွဲချော်ခဲ့သော မွန်တီနီဂရိုးခံစစ်မှူးဆာဗစ်နှင့် တွဲဖက်ပွဲထွက်နိုင်မည်ဟု ခွင့်ပြုခဲ့ခြင်းကြောင့် ယနေ့ညပွဲစဉ်၌ ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။

Photo: လေ့ကျင့်ခန်းဆင်းနေသည့် ဂိုဒင် (Reuters)

comments

error: Content is protected !!