အဲဗာတန်နှင့်ပွဲမှာ မျှော်လင့်မထားသော အောင်ပွဲဖြစ်ခဲ့ဟု ဗန်ဟားလ်ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
www
Photo: အဲဗာတန်နှင့်ပွဲတွင်တွေ့ရသည့် နည်းပြဗန်ဟားလ် (Getty Images)

မန်ယူနည်းပြဗန်ဟားလ်က ယမန်နေ့က အဲဗာတန်ကို ၁-၀ ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲမှာ မျှော်လင့်မထားသောအောင်ပွဲဖြစ်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

အဲဗာတန်ကိုအနိုင်ရခဲ့ခြင်းနှင့်ပတ်သက်၍ နည်းပြဗန်ဟားလ်က ”ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့သလို အခွင့်အရေးတွေလည်း အများကြီးမဖန်တီးနိုင်ခဲ့ပါဘူး။ အဲဗာတန်ဟာ အိမ်ကွင်းထက် အဝေးကွင်းခြေစွမ်းပိုကောင်းတဲ့
အသင်းပါ။ ဒါကြောင့် အရမ်းကိုခက်ခဲတဲ့ပွဲဖြစ်ခဲ့ပါတယ်။ ဒီနေ့တော့ ကျွန်တော်တို့ကံကောင်းတဲ့အသင်းဖြစ်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါပွဲစဉ်တွင် အိမ်ရှင်မန်ယူအသင်းမှာ အဲဗာတန်ဘက်သို့ ပွဲချိန်တစ်လျှောက်လုံးတွင် ၂ ကြိမ်သာခြိမ်းခြောက်နိုင်ခဲ့ပြီး တိုက်စစ်မှူးမာရှယ်၏တစ်လုံးတည်းသောအနိုင်ဂိုးဖြင့် ၃ မှတ်ရရှိကာ အမှတ်ပေးဇယားတွင် အဆင့် ၄ နေရာမှ
မန်စီးတီးနှင့် ၁ မှတ်အကွာ ပဉ္စမနေရာသို့ တက်လှမ်းနိုင်ခဲ့သဖြင့် ချန်ပီယံလိဂ်နောက်ဆုံးဝင်ခွင့်တစ်နေရာရရှိရန် နီးစပ်လာခဲ့သည်။

Photo: အဲဗာတန်နှင့်ပွဲတွင်တွေ့ရသည့် နည်းပြဗန်ဟားလ် (Getty Images)

comments

error: Content is protected !!