အီတလီနှင့် အေစီမီလန်ဂန္ထ၀င်နောက်ခံလူ ဆီဆာရီမာလ်ဒီနီကွယ်လွန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
wwww
Photo: ကွယ်လွန်သူ အီတလီနှင့် အေစီမီလန်ဂန္ထ၀င် ဆီဆာရီမာလ်ဒီနီ (Getty Images)

အသက် ၈၄ နှစ်ရှိ အီတလီနှင့် အေစီမီလန်ဂန္ထ၀င်နောက်ခံလူ ဆီဆာရီမာလ်ဒီနီသည် ယမန်နေ့က ကွယ်လွန်သွားခဲ့ကြောင်းသိရှိရသည်။

ဆီဆာရီမာလ်ဒီနီ၏ သားဖြစ်သူ အေစီမီလန်ဂန္ထ၀င်နောက်ခံလူဖြစ်သည့် ပါအိုလိုမာလ်ဒီနီသည်လည်း ဖခင်၏ခြေရာနင်းနိုင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်တွင် မြေးဖြစ်သူ ခရစ္စတီယန်မာလ်ဒီနီမှာ အေစီမီလန် ယူ-၁၉ အသင်းတွင် ကစားလျက်ရှိ
သည်။

ဆီဆာရီမာလ်ဒီနီနှင့်ပတ်သက်၍ အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တာဗက်ချီယိုက ”အီတလီဘောလုံးလောကရဲ့ တကယ့်ဂန္ထ၀င်တစ်ဦးဖြစ်တဲ့ ဆီဆာရီမာလ်ဒီနီကတော့ ကျွန်တော်တို့ကို ထားရစ်ခဲ့ပါပြီ။ သူဟာ ကစားသမားဘ၀ရော
နည်းပြဘ၀မှာပါ သမိုင်းတွင်ခဲ့တဲ့သူပါ။ သူဟာ ဥရောပဖလားကို ပထမဆုံးဆွတ်ခူးနိုင်ခဲ့တဲ့ အီတလီလူမျိုးတစ်ယောက်လည်းဖြစ်ပါတယ်။ နည်းပြတစ်ယောက်အနေနဲ့လည်း အီတလီအတွက် မရေတွက်နိုင်လောက်အောင် ကစားသမား
များစွာမွေးထုတ်ပေးခဲ့သူပါ။ ဘောလုံးလောကရဲ့ ပရော်ဖက်ရှင်နယ်တွေထဲမှာ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် အမြဲတမ်းဆက်ရှိနေမှာပါ။ နိုင်ငံလက်ရွေးစင်အသင်းအတွက်လည်း အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့သူ ဖြစ်ပါတယ်”
ဟု ပြောကြားခဲ့သည်။

ဆီဆာရီမာလ်ဒီနီသည် ၁၉၅၄ ခုနှစ်တွင် အေစီမီလန်ကစားသမားအဖြစ်စတင်ခဲ့ပြီး ၄၁၂ ပွဲကစားကာ စီးရီးအေချန်ပီယံဆု ၄ ကြိမ်ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။ ၎င်းသည် အေစီမီလန်အသင်း ပထမဆုံးဥရောပဖလားချန်ပီယံဖြစ်ခဲ့သည့် ၁၉
၆၃ ခုနှစ်၊ ၀င်ဘလေကွင်း၌ကစားခဲ့သော ပေါ်တူဂီဂန္ထ၀င်အူစီဘီယို၏ ဘင်ဖီကာနှင့်ဗိုလ်လုပွဲတွင်လည်း အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့သူဖြစ်သည်။

Photo: ကွယ်လွန်သူ အီတလီနှင့် အေစီမီလန်ဂန္ထ၀င် ဆီဆာရီမာလ်ဒီနီ (Getty Images)

comments

error: Content is protected !!