အိုဇဲလ်၏မှတ်ချက်ကြောင့် အာစင်ဝင်းဂါးစိတ်ပျက်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
wwww
Photo: လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် အာစင်ဝင်းဂါး (Getty Images)

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက အသင်း၏ ယခုနှစ်အခြေအနေအပေါ် ကွင်းလယ်လူအိုဇဲလ် အဆိုးမြင်မှတ်ချက်ပေးမှုများကို မနှစ်သက်ကြောင်းဖွင့်ဟခဲ့သည်။

ပြီးခဲ့သည့် ကြားရက်က ယခုနှစ်ပရီးမီးယားလိဂ်ဖလားရရှိရေးမှာ ခက်ခဲလွန်းကြောင်း အိုဇဲလ်က မှတ်ချက်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ၎င်းနှင့်တွေ့ဆုံဆွေးနွေးရန် အာစင်ဝင်းဂါးက စီစဉ်နေသည်။

“သူပြောတဲ့စကားကိုကျွန်တော်မကြိုက်ပါဘူး။ အမှန်ဆို ချန်ပီယံဖြစ်ဖို့ ၁ ရာခိုင်နှုန်းပဲအခွင့်အရေးရှိရင်တောင် ကျွန်တော်တို့ ဒါကိုယုံကြည်မှုထားရမှာပါ။ ကျွန်တော် ဒီကိစ္စနဲ့ပတ်သက်ပြီး အိုဇဲလ်နဲ့တွေ့ဆုံဆွေးနွေးမှာပါ။ ဘ၀မှာ ယြုံ
ကည်မှုလွဲမှားတာက အဆိုးရွားဆုံးပါပဲ။ သူ အကောင်းဆုံးကြိုးစားတယ်ဆိုတာ သေချာအောင်လုပ်သင့်တယ်။ တကယ်လို့ တစ်ယောက်ယောက်က သူ့ထက်ပိုကောင်းတယ်ဆိုရင်လည်း သူလက်ခံနိုင်ရမယ်” ဟု အာစင်ဝင်းဂါးက ဆိုသ
ည်။

အာဆင်နယ်သည် ပရီးမီးယားလိဂ်နောက်ဆုံး ၁၀ ပွဲတွင် ၃ ပွဲသာနိုင်ပွဲရခဲ့မှုကြောင့် ဦးဆောင်သူလက်စတာနှင့် ၁၁ မှတ်အထိကွာဟသွားခဲ့ရပြီး ယနေ့ညတွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်ဖ်အေဖလားကွာတားဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့
သည့်ပြိုင်ဘက်ဝက်ဖို့ဒ်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Photo: လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် အာစင်ဝင်းဂါး (Getty Images)

comments

error: Content is protected !!