ယူရိုပြိုင်ပွဲကို ရှဝိန်းစတိုင်ဂါလွဲချော်နိုင်ကြောင်း ဗန်ဟားလ်ဖွင့်ဟ
|
Photo: ယူရိုပွဲစဉ်များကိုလွဲချော်နိုင်သည့် ရှဝိန်းစတိုင်ဂါ (Getty Images)
ဂျာမနီအသင်းခေါင်းဆောင်ရှဝိန်းစတိုင်ဂါသည် ဒူးဒဏ်ရာကြောင့် လာမည့်ယူရိုပြိုင်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေကြောင်း မန်ယူနည်းပြဗန်ဟားလ်က ဖွင့်ဟသွားခဲ့သည်။
အသက် ၃၁ နှစ်အရွယ် ရှဝိန်းစတိုင်ဂါသည် ဂျာမနီက အင်္ဂလန်ကို ၃-၂ ဖြင့်ရှုံးနိမ့်ခဲ့သည့် ခြေစမ်းပွဲစဉ်မတိုင်မီ လေ့ကျင့်ခန်းအစီအစဉ်တစ်ခုတွင် ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“သူ့ဒဏ်ရာအခြေအနေကြောင့် ယူရိုပြိုင်ပွဲမှာပါနိုင်ဖို့ မသေချာတော့ပါဘူး”ဟု ဗန်ဟားလ်က ဖွင့်ဟသွားခဲ့ပြီး မန်ယူနှင့်အင်္ဂလန်ဘယ်နောက်ခံလူလုခ်ရှောမှာမူ လာမည့်သီတင်းပတ်အတွင်း လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖွယ်ရှိကြောင်း ပြော
ကြားခဲ့သည်။
“လုခ်ရှောဟာ လာမယ့်အပတ်အတွင်း လေ့ကျင့်ခန်းအစီအစဉ်အချို့မှာ ပြန်ပါနိုင်မယ်လို့မျှော်လင့်ရပါတယ်”ဟု ဗန်ဟားလ်က ဖွင့်ဟသွားခဲ့သည်။
Photo: ယူရိုပွဲစဉ်များကိုလွဲချော်နိုင်သည့် ရှဝိန်းစတိုင်ဂါ (Getty Images)
Prev : တိုက်စစ်မှူးကော်စတာ ထပ်တိုးတစ်ပွဲပယ်ပြစ်ဒဏ်နှင့် ပေါင် ၂၀၀၀၀ ဒဏ်ရိုက်ခံရ
Next : အိုဇဲလ်၏မှတ်ချက်ကြောင့် အာစင်ဝင်းဂါးစိတ်ပျက်နေ
Next : အိုဇဲလ်၏မှတ်ချက်ကြောင့် အာစင်ဝင်းဂါးစိတ်ပျက်နေ