တိုက်စစ်မှူးကော်စတာ ထပ်တိုးတစ်ပွဲပယ်ပြစ်ဒဏ်နှင့် ပေါင် ၂၀၀၀၀ ဒဏ်ရိုက်ခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
tttt
Photo: ဘာရီနှင့်အချင်းများမှုဖြစ်စဉ်အတွင်း ကိုက်ဟန်ပြုခဲ့သည့် ကော်စတာ (101 Greatgoals)

ချဲလ်ဆီးတိုက်စစ်မှူးဒီယေဂိုကော်စတာသည် ကစားသမားမပီသသည့်အပြုအမူကြောင့် ဒဏ်ကြေး ပေါင် ၂၀၀၀၀ နှင့် နောက်ထပ်တစ်ပွဲပယ်ပြစ်ဒဏ်ကို ခံယူရမည်ဖြစ်သည်။

အသက် ၂၇ နှစ်အရွယ်ကော်စတာသည် မတ်လ ၁၂ ရက်နေ့ကကစားခဲ့သော အဲဗာတန်နှင့်အက်ဖ်အေဖလားပွဲစဉ်၌ အဲဗာတန်ကွင်းလယ်လူဘယ်ရီနှင့် ဖြစ်ပွားခဲ့သောအချင်းများမှုအတွင်း ဘာရီ၏လည်ပင်းကို ကိုက်ဟန်ပြုခဲ့သောကြောင့်
အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီး အဆိုပါအပြုအမူအတွက် ဒဏ်ရိုက်ခံခဲ့ရခြင်းဖြစ်သည်။

ကော်စတာကို မူလက ၂ ပွဲပယ်ပြစ်ဒဏ်သာချမှတ်ခဲ့သော်လည်း ထပ်တိုးပြစ်ဒဏ်ကြောင့် စုစုပေါင်း ၃ ပွဲ ပါဝင်ခွင့်ရမည်မဟုတ်ချေ။

အဆိုပါအပြုအမူမျိုးထပ်မံမပြုလုပ်ရန် သတိပေးခြင်းခံထားရသော ကော်စတာသည် မတ်လ ၁၉ ရက်နေ့တွင်ကစားခဲ့သော ၀က်စ်ဟမ်းနှင့်ပွဲကိုလွဲချော်ခဲ့ပြီး အက်စ်တွန်ဗီလာနှင့်ကစားမည့် ယနေ့ညပွဲစဉ်အပါအ၀င် ဧပြီလ ၁၉ ရက်နေ့၌
ကစားမည့် ဆွမ်ဆီးနှင့်ပွဲစဉ်ကိုလည်း လွဲချော်မည်ဖြစ်သည်။

Photo: ဘာရီနှင့်အချင်းများမှုဖြစ်စဉ်အတွင်း ကိုက်ဟန်ပြုခဲ့သည့် ကော်စတာ (101 Greatgoals)

comments

error: Content is protected !!