ပါယက်ကြောင့် အပြောင်းအရွှေ့ဈေးကွက်တွင် နာမည်ကြီးများခေါ်ယူနိုင်ရန် အထောက်အပံ့ဖြစ်စေကြောင်း ဘီလစ်ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပါယက်နှင့် ဘီလစ်ကို အတူတွေ့ရစဉ်

ပါယက်၏ပြင်သစ်လက်ရွေးစင်အသင်းတွင် အောင်မြင်မှုက နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် နာမည်ကြီးကစားသမားများကို ၀က်စ်ဟမ်းသို့ခေါ်ယူနိုင်ရန် အထောက်အပံ့ဖြစ်စေသည်ဟု ၀က်စ်ဟမ်းနည်းပြဘီလစ်က ဖွင့်ဟခဲ့သည်။

ဝက်စ်ဟမ်းအတွက် ယခုနှစ်ဘောလုံးရာသီတွင် စွမ်းဆောင်ရည်ကောင်းများပြသနေသည့် ပါယက်ကို ပြင်သစ်နည်းပြဒီဒီယာဒက်စ်ချမ့်က လက်ရွေးစင်အသင်းအတွက် ပြန်လည်ရွေးချယ်ခဲ့သည်။

လက်ရွေးစင်းအသင်းတွင်လည်း ထိုကစားသမားမှာ ၀က်စ်ဟမ်းမှခြေစွမ်းကိုထိန်းသိမ်းကာ အင်္ဂါနေ့ကရုရှားကို ၄-၂ ဖြင့်အနိုင်ရခဲ့သောပွဲစဉ်တွင် ပြင်သစ်အတွက်ဂိုးတစ်ဂိုးကို အလွတ်တည်ကန်ဘောမှတစ်ဆင့် သွင်းယူပေးနိုင်ခဲ့သည်။

ပါယက်၏အောင်မြင်မှုက အခြားနာမည်ကြီးကစားသမားများကိုခေါ်ယူရန် အထောက်အပံ့ဖြစ်စေသလားဟု မေးမြန်းမှုကို ဘီလစ်က “အမှန်ပါပဲ။ သူဝက်စ်ဟမ်းကိုပြောင်းခဲ့တုန်းက နိုင်ငံအသင်းအတွက် အခွင့်အရေးမရှိတော့ဘူးဆိုပြီး တချို့ကထင်ခဲ့ကြပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ထင်တာမှားတယ်ဆိုတာ ပါယက်သက်သေပြနိုင်ခဲ့ပါတယ်။ အခုဆို ပါယက်ကြောင့် ၀က်စ်ဟမ်းကိုပြောင်းရွှေ့တာဟာ ကောင်းမွန်တဲ့ခြေလှမ်းဖြစ်တယ်လို့ တခြားနာမည်ကြီးကစားသမားတွေ တွေးနေလောက်ပါပြီ”ဟု ဖွင့်ဟသွားခဲ့သည်။

comments

error: Content is protected !!