ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့လျှင် တစ်ပတ်လုပ်ခပေါင် ၆၀၀,၀၀၀ လိုချင်ကြောင်း အီဘရာမိုဗစ်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဆွီဒင်လက်ရွေးစင် အီဘရာဟီမိုဗစ်

ဘောလုံးရာသီအကုန်တွင် ပီအက်စ်ဂျီမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာမည့် အီဘရာဟီမိုဗစ်သည် ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့လျှင် တစ်ပတ်လုပ်ခပေါင် ၆၀၀,၀၀၀ လိုချင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“သူ့ကိုကျွန်တော်တို့ ခေါ်ချင်ပါတယ်။ ဒါပေမဲ့ သူပြောတဲ့လခက များလွန်းပါတယ်။ ထူးခြားတဲ့ ခေါ်ယူမှုဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမဲ့ အသက် ၃၄ နှစ်အရွယ်ကစားသမားတစ်ယောက်ဟာ အဲဒီလောက်တန်လားဆိုတာ မေးခွန်းထုတ်စရာပါ”ဟု ပရီးမီးယားလိဂ်ကလပ်တစ်ခုမှ အတွင်းလူတစ်ဦးက ဖွင့်ဟခဲ့သည်။

အီဘရာဟီမိုဗစ်ကို တရုတ်အမှတ်ပေးလိဂ်မှ ကလပ်အသင်းများကလည်းခေါ်ယူရန်စိတ်ဝင်စားနေပြီး တစ်ပတ်လုပ်ခပေါင် ၁ သန်းဖြင့်ကမ်းလှမ်းသွားဖွယ်ရှိနေသော်လည်း ၎င်းက ပရီးမီးယားလိဂ်သို့သာပြောင်းရွှေ့ရန် ဆန္ဒရှိနေသည်။

သို့သော် အီဘရာဟီမိုဗစ်သည် အင်္ဂလန်နိုင်ငံ၏အခွန်ကောက်ခံမှုနှုန်းထားနှင့်ပတ်သက်၍ မပျော်ရွှင်ဖွယ်ရှိနေပြီး ၎င်းတောင်းဆိုသောလခဖြင့်သာ ပရီးမီးယားလိဂ်အသင်းတစ်သင်းမှခေါ်ယူဖြစ်ပါက အီဘရာမိုဗစ်သည် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် လခအများဆုံးရသော ကစားသမားတစ်ဦးဖြစ်လာမည်ဖြစ်သည်။

comments

error: Content is protected !!