ဒါလီအလိုင်းသည်ဖိအားများကို အကောင်းဆုံးကိုင်တွယ်နိုင်ကြောင်း ပိုချက်တီနိုပြောကြား
|
ဒါလီအလိုင်းသည် ပေါလ်ဂက်စ်ကွိုင်နီနောက်ပိုင်း အလားအလာအရှိဆုံးကွင်းလယ်လူဖြစ်ကြောင်း ဆာအဲလက်စ်ဖာဂူဆန်ကပါ ထုတ်ဖော်ချီးကျူးထားခြင်းကြောင့် ချီးမွမ်းမှုများပြားလာ၍ ဖိအားများကာ ဒါလီအလိုင်းခြေစွမ်းမပြနိုင်မည်ကို စိုးရိမ်ခြင်းမရှိကြောင်း စပါးနည်းပြ ပိုချက်တီနိုက ဖွင့်ဟခဲ့သည်။
အသက် ၁၉ နှစ်အရွယ် ဒါလီအလိုင်းသည် ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်တွင် ၇ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၂ ကြိမ်ရှိထားပြီး စနေနေ့က ဂျာမနီကိုအနိုင်ရခဲ့သော ပွဲစဉ်တွင်လည်း ရွိုင်းဟော့ဆန်၏အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့သည်။
ဖာဂူဆန်က ဒါလီအလိုင်းအား ဂက်စ်ကွိုင်နီနှင့်နှိုင်းယှဉ်ခြင်းမပြုမီ ရွိုင်းဟော့ဆန်ကလည်း ဘရိုင်ယန်ရော့ဘ်ဆန်နှင့် နှိုင်းယှဉ်ချီးကျူးထားသည်။
“ဖာဂူဆန်ရဲ့စကားကို ကျွန်တော်သဘောတူပါတယ်။ ဘောလုံးလောကမှာ အတော်ဆုံးနည်းပြတစ်ယောက်ရဲ့ ချီးကျူးစကားဖြစ်လို့ သူ့အတွက်ဂုဏ်ယူပါတယ်။ စန်းတင်တဲ့စကားတွေကြောင့် သူဖိအားများမှာ ကျွန်တော်မစိုးရိမ်ပါဘူး။ ဘောလုံးရာသီတစ်ခုလုံး ဖိအားတွေကို သူဘယ်လိုတွန်းလှန်ခဲ့တယ်ဆိုတာ အားလုံးမြင်နိုင်ပါတယ်။ သူဟာတည်ငြိမ်ရင့်ကျက်တဲ့ ကစားသမားတစ်ဦးပါ”ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။
Next : ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့လျှင် တစ်ပတ်လုပ်ခပေါင် ၆၀၀,၀၀၀ လိုချင်ကြောင်း အီဘရာမိုဗစ်ပြောကြား