၎ နိုင်ငံဖိတ်ခေါ်ဖလားကစားရန် ညှိနှိုင်းဆဲဖြစ်ကြောင်း ဦးကိုကိုသိန်းပြော

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
hhh

Ray Kin
မတ် ၃၁။

မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားတွင်အောင်မြင်မှုများရရှိနိုင်ရေး ကြိုတင်ပြင်ဆင်မှုတစ်ရပ်အဖြစ် လာမည့်ဇွန်လတွင် အာဆီယံ ၄ နိုင်ငံဖိတ်ခေါ်ဖလားကို မြန်မာနိုင်ငံ၌ ပြုလုပ်ရန်ရှိသော်လည်း ညှိနှိုင်းဆဲဖြစ်ကြောင်း မြန်မာနိ
ုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းထံမှ သိရှိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အောင်မြင်မှုများနှင့်ဝေးကွာနေသော လက်ရွေးစင်အသင်းအား နိုင်ငံတကာပွဲအတွေ့အကြုံများပိုမိုရရှိစေရန်နှင့် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဆူဇူကီးဖလားတွင် အောင်မြင်မှုများရရှိနိုင်ရေး ရည်ရွ
ယ်၍ စီစဉ်ခြင်းဖြစ်ကြောင်း သို့သော်လည်း နေရှင်နယ်လိဂ်ပွဲစဉ်များနှင့် ဖီဖာပွဲစဉ်များ၊ ဖိတ်ခေါ်ထားသောနိုင်ငံများ၏ ပြည်တွင်းပွဲစဉ်များကြောင့် ပွဲအစီအစဉ်ရေးဆွဲရာ၌ အခက်အခဲဖြစ်နေသောကြောင့် အတည်ပြုရန်ခက်ခဲသေးကြောင်း
၎င်းမှထပ်လောင်းပြောကြားခဲ့သည်။

“ဆရာတို့အနေနဲ့ ၄ နိုင်ငံဖိတ်ခေါ်ဖလားပွဲလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ အခုလောလောဆယ် စင်ကာပူ၊ ဗီယက်နမ်တို့နဲ့တော့ အကြမ်းဖျင်းသဘောတူညီမှုရရှိထားပြီးပါပြီ။ ပွဲကိုဘယ်လိုပုံစံနဲ့ကျင်းပမလဲဆိုတာတော့ အခုမှညှိနှိုင်းတုန်းပဲရှိပါေ
သးတယ်။ အပြောင်းအလဲတွေရှိနိုင်သေးတဲ့အတွက် ဘာမှအတည်ပြုပြောလို့တော့မရသေးပါဘူး”ဟု အဖွဲ့ချုပ်ရုံးမှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းမှပြောကြားခဲ့သည်။

မြန်မာအသင်းသည် လာမည့် နိုဝင်ဘာလတွင် ဆူဇူကီးဖလားကိုအိမ်ရှင်အဖြစ် လက်ခံကစားရမည်ဖြစ်သည်။

Photo: မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် နည်းပြချုပ်ဂတ်ဆီဇီ (MFF)

comments

error: Content is protected !!