ထိန်းချုပ်ရခက်ခဲသော ဒေါ့မွန်ခြေစွမ်းကြောင့် ကလော့ပ်စိုးရိမ်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
rr
Photo: ဒေါ့မွန်နှင့်ပွဲအတွက် စိုးရိမ်နေသော ကလော့ပ် (Getty Images)

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်သည် အသင်းဟောင်းနှင့်ပြန်လည်ရင်ဆိုင်ရမည့်ပွဲတွင် ဖြစ်ပေါ်လာမည့် စိတ်ခံစားမှုထက် ဒေါ့မွန်၏ ကွင်းတွင်းခြိမ်းခြောက်မှုများကို ပိုမိုစိုးရိမ်မိကြောင်းဖွင့်ဟခဲ့သည်။

ကလော့ပ်သည် ဒေါ့မွန်တွင် ၇ နှစ်ကြာ အောင်မြင်မှုရအောင်စွမ်းဆောင်ခဲ့ပြီးနောက် ပြီးခဲ့သည့်ရာသီကုန်က လီဗာပူးသို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး လာမည့်သီတင်းပတ်အတွင်း အသင်းဟောင်းဒေါ့မွန်နှင့်ယူရိုပါလိဂ်ပွဲအဖြစ် ပြန်လည်ရ
င်ဆိုင်ရမည်ဖြစ်သည်။

လီဗာပူးမှာ ပရီးမီးယားလိဂ်တွင် အဆင့် ၉ ၌ရပ်တည်နေပြီး ဘွန်ဒက်စ်လီဂါတွင် ဒုတိယနေရာ၌ရပ်တည်နေသည့်ဒေါ့မွန်ကို ရင်ဆိုင်ရမည်ဖြစ်သော်လည်း အဆိုပါပွဲမှာ ၎င်းအတွက်ထူးခြားသောအခိုက်အတန့်ဖြစ်လာလိမ့်မည်ဟု အသက်
၄၈ နှစ်အရွယ် ဂျာမန်လူမျိုးနည်းပြကလော့ပ်က ဆိုသည်။

“အသင်းဟောင်းနဲ့အသင်းသစ်ကြားမှာ လက်တွေ့ရင်ဆိုင်နေရပေမယ့် စိတ်ထဲမှာ ရန်သူလိုသဘောမထားပါဘူး။ ကျွန်တော်ဒေါ့မွန်မှာရှိခဲ့စဉ်ကလည်း အသင်းဟောင်းမိန့်ဇ်နဲ့ နွေးထွေးတဲ့ဆက်ဆံရေးရှိခဲ့လို့ ဒါဟာ ကျွန်တော့်အတွက်ြ
ပဿနာတစ်ရပ်ဖြစ်လာမှာဟုတ်ပါဘူး” ဟု ကလောာ့ပ်က လီဗာပူး၏ တရားဝင်ဝက်ဘ်ဆိုက်တွင် မှတ်ချက်ရေးခဲ့သည်။

ဆက်စပ်သတင်းများအရ လီဗာပူးနှင့်အပြောင်းအရွှေ့သတင်းများထွက်ပေါ်နေသည့် ဂေါ့ဇီနှင့်ပတ်သက်၍လည်း ကလော့ပ်က မှတ်ချက်ပြုရန်ငြင်းဆန်သွားခဲ့ကြောင်း သိရသည်။

Photo: ဒေါ့မွန်နှင့်ပွဲအတွက် စိုးရိမ်နေသော ကလော့ပ် (Getty Images)

comments

error: Content is protected !!