ဂျူဗင်တပ်နောက်ခံလူ ဘိုနူချီ၏ဒဏ်ရာ စိုးရိမ်ဖွယ်မရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
eee
Photo: နောက်ခံလူဘိုနူချီ ဒဏ်ရာရရှိခဲ့စဉ် (Getty Images)

ဂျာမနီနှင့်ခြေစမ်းပွဲစဉ်တွင်ရရှိခဲ့သော အီတလီနှင့်ဂျူဗင်တပ်ဝါရင့်နောက်ခံလူ ဘိုနူချီ၏ ပေါင်ဒဏ်ရာမှာ စိုးရိမ်ဖွယ်မရှိကြောင်း ဂျူဗင်တပ်အသင်းက ထုတ်ပြန်ခဲ့သည်။

ဘိုနူချီသည် အင်္ဂါနေ့က ဂျာမနီကို ၄-၁ ဖြင့်ရှုံးနိမ့်ခဲ့သောခြေစမ်းပွဲစဉ် ပွဲချိန် ၆၁ မိနစ်တွင်ဒဏ်ရာရရှိခဲ့ကာ ထမ်းစင်ဖြင့်သယ်ထုတ်ခဲ့ရသော်လည်း ဓာတ်မှန်စစ်ဆေးမှုခံယူပြီးနောက် ၎င်း၏ဒဏ်ရာမှာမပြင်းထန်ကြောင်း ဂျူဗင်တပ်အသင်းမှ
အတည်ပြုခဲ့သည်။

အဆိုပါသတင်းမှာ ယူရို ၂၀၁၆ ပြိုင်ပွဲကစားရန် ၂ လကျော်ခန့်သာလိုတော့သည့် အီတလီအတွက်သတင်းကောင်းတစ်ခုဖြစ်ပြီး ဘိုနူချီသည် ၃ ရက်ခန့်အနားယူပြီးလျှင် ဂျူဗင်တပ်နှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖွယ်ရှိနေသည်။

အီတလီသည် ဘယ်လ်ဂျီယံ၊ အိုင်ယာလန်၊ ဆွီဒင်တို့နှင့် အုပ်စု E ၌ကျရောက်နေပြီး ဇွန်လ ၁၃ ရက်နေ့တွင် ဘယ်လ်ဂျီယံနှင့် ယူရို ၂၀၁၆ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Photo: နောက်ခံလူဘိုနူချီ ဒဏ်ရာရရှိခဲ့စဉ် (Getty Images)

comments

error: Content is protected !!