လာလီဂါဖလားကို ဆွတ်ခူးနိုင်သေးကြောင်း ဂါရတ်ဘေးလ်ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
zz copy
Photo: သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ဂါရတ်ဘေးလ် (Getty Images)

ရီးရဲလ်မက်ဒရစ်သည် စနေနေ့တွင်ယှဉ်ပြိုင်မည့် အမှတ်ပေးဇယားဦးဆောင်သူ ဘာစီလိုနာနှင့် ၁၀ မှတ်ကွာဟနေသော်လည်း ဂါရတ်ဘေးက လာလီဂါဖလားဆွတ်ခူးနိုင်သေးကြောင်း ပြောကြားခဲ့သည်။

ဘာစီလိုနာသည် နိုဝင်ဘာလ ၂၁ ရက်နေ့က ဘာနေဗျူးကွင်း၌ ရီးရဲလ်မက်ဒရစ်ကို ၄-၀ ဖြင့်အနိုင်ရခဲ့ပြီး လာလီဂါနှင့်ဖလားပြိုင်ပွဲများတွင် ၃၉ ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်ထားခဲ့သည်။

သို့သော်ဂါရတ်ဘေးလ်က “ဘောလုံးလောကမှာ ဘာမဆိုဖြစ်နိုင်ပါတယ်”ဟု ပြောကြားခဲ့ပြီး ပြီးခဲ့သောဘောလုံးရာသီကထက် အသင်းတွင် ပို၍အခြေကျနေပြီဖြစ်ကြောင်းလည်း ဖွင့်ဟသွားခဲ့သည်။

“ပြီးခဲ့တဲ့နှစ်တုန်းက ထင်သလောက်ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီအမှားတွေကနေသင်ခန်းစာယူပြီး ဒီနှစ်မှာတော့ အသင်းမှာပိုပြီး အခြေကျလာပြီလို့ခံစားရပါတယ်။ ပြည်ပကလပ်အသင်းတစ်သင်းမှာ ကစားရတာမလွယ်ကူပါဘူး။ ကျွန်တော်ကြိုးစားမှု ရပ်တန့်မသွားအောင်လုပ်နိုင်ဖို့ အရေးကြီးပါတယ်”ဟု ဂါရတ်ဘေးလ်က ဖွင့်ဟသွားခဲ့သည်။

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလက စပါးမှပြောင်းရွှေ့လာခဲ့သော ဂါရတ်ဘေးလ်သည် ယခုဘောလုံးရာသီတွင် ဒဏ်ရာပြဿနာများကြုံတွေ့နေရသည့်ကြားမှပင် ရီးရဲလ်မက်ဒရစ်အတွက် လာလီဂါ ၁၈ ပွဲကစားကာ ၁၅ ဂိုးသွင်းထားနိုင်ခဲ့သည်။

Photo: သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ဂါရတ်ဘေးလ် (Getty Images)

comments

error: Content is protected !!