ဂျိမ်စ်းရိုဒရီဂွက်ဇ်ကို ရီးရဲလ်က အရေးပေးမှုမရှိကြောင်း အက်စ်ပရီလာဝေဖန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အီကွေဒေါနှင့်ပွဲတွင် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေသည့် ရိုဒရီဂွက်ဇ်

ရီးရဲလ်မက်ဒရစ်သည် ဂျိမ်းစ်ရိုဒရီဂွက်ဇ်အား လိုအပ်သည့်အရေးပေးမှုများမရှိကြောင်း နယူးကာဆယ်တိုက်စစ်မှူးဟောင်း ဖော်စတီနိုအက်စ်ပရီလာက ဖွင့်ဟသွားခဲ့သည်။

ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် ရီးရဲလ်နှင့်ပွဲဦးထွက်ရာသီက အန်ဆယ်လော့တီလက်အောက်တွင် ပြိုင်ပွဲစုံ ၁၇ ဂိုးသွင်းယူပြီး ၁၈ ဂိုးဖန်တီးနိုင်ခဲ့သော်လည်း ယခုရာသီတွင်မူ ကြွက်သားဒဏ်ရာရရှိခဲ့မှုကြောင့် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည်။

“ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ရီးရဲလ်မှာထက် ကိုလံဘီယာမှာ ခြေစွမ်းပိုပြနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုလံဘီယာမှာက ကစားသမားတစ်ယောက်အတွက်အရေးကြီးတဲ့ အလေးထားမှုတွေပေးတဲ့အတွက် သူဒီလိုခြေစွမ်းပြနေနိုင်တာပါ။ သူဟာ ပါရမီရှင်လူငယ်ကစားသမားဖြစ်ပေမယ့် ရီးရဲလ်ကတော့ သူ့ကို လိုအပ်တဲ့ အရေးပေးမှုမျိုးမရှိပါဘူး”ဟု အက်စ်ပရီလာက ဝေဖန်ခဲ့သည်။

အသက် ၂၄ နှစ်အရွယ် ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် ဘင်နီတက်ဇ်နှင့် ဇီဒန်းလက်အောက်တွင် ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး ၎င်းနည်းပြ ၂ ဦးလုံးမှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အကျိုးရှိရှိအသုံးချကိုင်တွယ်နိုင်ခြင်းမရှိကြောင်း အက်စ်ပရီလာက ဆိုသည်။

comments

error: Content is protected !!