ဗီလာနည်းပြ ဂါဒီ အသင်းနှင့်လမ်းခွဲ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဗီလာနှင့် နှစ်ဖက်သဘောတူလမ်းခွဲခဲ့သည့် ဂါဒီ

ရီမီဂါဒီသည် အက်စ်တွန်ဗီလာနည်းပြအဖြစ် ၁၄၇ ရက်ကြာတာဝန်ယူပြီးနောက် နှစ်ဦးနှစ်ဖက်သဘောတူညီချက်ဖြင့် ရာထူးမှနုတ်ထွက်သွားခဲ့သည်။

အသက် ၄၉ နှစ်အရွယ် ပြင်သစ်နိုင်ငံသားဂါဒီသည် နိုဝင်ဘာလက ၃ နှစ်ခွဲစာချုပ်ဖြင့် အက်စ်တွန်ဗီလာနည်းပြဟောင်းတင်ရှားဝုဒ်၏နေရာကို ဆက်ခံခဲ့သော်လည်း နောက်ဆုံး ၆ ပွဲဆက်ရှုံးပွဲကြုံရပြီးနောက် ရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

ခက်ခဲသောကာလအတွင်း အသင်းနှင့်အတူရှိနေသည့်အတွက် ဂါဒီကိုကျေးဇူးတင်ကြောင်း အသင်းဘက်မှ ထုတ်ပြန်ခဲ့ပြီး နည်းပြသစ်တစ်ဦးမခန့်အပ်မီ အဲရစ်ဘလက်က တာဝန်ယူကိုင်တွယ်မည်ဖြစ်သည်။

ဗီလာသည် ဂါဒီလက်ထက် ပရီးမီးယားလိဂ်ပွဲ ၂၀ တွင် ၂ ပွဲသာအနိုင်ရထားခဲ့သည်။

comments

error: Content is protected !!