ဟော်လန်နှင့်ပွဲစဉ်တွင် အင်္ဂလန်အတွက် စတာရစ်ခ်ျပွဲထွက်ကစားဖွယ်ရှိ
|
လီဗာပူးတိုက်စစ်မှူးစတာရစ်ခ်ျသည် အင်္ဂါနေ့တွင်ဝင်ဘလေကွင်း၌ ဟော်လန်ကို ဧည့်ခံကစားမည့်ခြေစမ်းပွဲစဉ်တွင် အင်္ဂလန်အတွက် ၁၈ လအတွင်း ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရမည်ဖြစ်သည်။
အသက် ၂၆ နှစ်အရွယ်စတာရစ်ခ်ျသည် ယူရို ၂၀၁၆ ခြေစစ်ပွဲကာလတစ်ခုလုံးကို ဒဏ်ရာကြောင့်လွဲချော်ခဲ့ရသော်လည်း ဟော်လန်နှင့်ပွဲတွင် အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမည့် လီဗာပူးအသင်းဖော် ဂျိမ်းစ်မီလ်နာက”စတာရစ်ခ်ျရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ဘယ်သူမှသံသယမရှိပါဘူး။ သူ့ရဲ့ဂိုးသွင်းစွမ်းရည်ကလည်း မယုံနိုင်စရာပါပဲ” ဟု ပြောကြားခဲ့သည်။
အင်္ဂလန်နည်းပြရွိုင်းဟော့ဆန်သည် ဂျာမနီကို ၃-၂ ဖြင့်အနိုင်ရခဲ့သည့် စနေနေ့ကလူစာရင်းကို အပြောင်းအလဲများပြုလုပ်မည်ဖြစ်ပြီး ဂိုးသမားနေရာတွင် ဖော်စတာကိုထည့်သွင်းအသုံးပြုဖွယ်ရှိနေသည်။
“လူစာရင်းပြောင်းလဲမှုတွေရှိမှာပါ။ ဘယ်လောက်ထိ အပြောင်းအလဲလုပ်မယ်ဆိုတာတော့ စောင့်ကြည့်ပါ”ဟု ရွိုင်းဟော့ဆန်က ဖွင့်ဟသွားခဲ့သည်။
Next : ဂေါ့ဇီကို နည်းပြဟောင်းယာဂင်ကလော့ပ်၏လီဗာပူးအသင်းမှ ပေါင်သန်း ၂၀ ဖြင့် ကမ်းလှမ်းဖွယ်ရှိ