ဂေါ့ဇီကို နည်းပြဟောင်းယာဂင်ကလော့ပ်၏လီဗာပူးအသင်းမှ ပေါင်သန်း ၂၀ ဖြင့် ကမ်းလှမ်းဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အင်္ဂလန်နှင့်ခြေစမ်းပွဲတွင် ပါဝင်ကစားခဲ့သည့် ဂေါ့ဇီ

လီဗာပူးသည် ဂျာမနီနှင့်အတူ ကမ္ဘာ့ဖလားဆွတ်ခူးထားသော ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ မာရီယိုဂေါ့ဇီကို ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူရန်စီစဉ်နေကြောင်းသိရသည်။

ဂေါ့ဇီသည်ဘိုင်ယန်မြူးနစ်သို့မပြောင်းရွှေ့မီ ဒေါ့မွန်၌ လက်ရှိလီဗာပူးနည်းပြယာဂင်ကလော့ပ်နှင့်အတူ အောင်မြင်မှုများရခဲ့ပြီး ဘွန်ဒက်စ်လီဂါဖလား ၂ ကြိမ်ဆွတ်ခူးနိုင်ခဲ့သည်။

ဘိုင်ယန်မြူးနစ်က ဂေါ့ဇီ၏ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၃၀ ခန့်သတ်မှတ်ထားသော်လည်း စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိသောကြောင့် ဥရောပ၏ခြေစွမ်းခြေစအရှိဆုံး လူငယ်ကစားသမားတစ်ဦးအဖြစ်သတ်မှတ်ခံထားရသည့် ဂေါ့ဇီကို လီဗာပူးက ပြောင်းရွှေ့ကြေးသက်သက်သာသာဖြင့် ခေါ်ယူနိုင်ရန်မျှော်လင့်ချက်ရှိနေသည်။

၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဂျာမနီအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့သည့်ဂေါ့ဇီသည် ယခုနှစ်ဘောလုံးရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ၁၂ ပွဲသာပွဲထွက်ခွင့်ရထားသည်။

comments

error: Content is protected !!