နံပါတ် ၉ နေရာနှင့်ထိုက်တန်သည့်ခြေစွမ်းပြသနိုင်ရန် ယုံကြည်မှုမရှိခဲ့ကြောင်း ဆွာရက်ဇ်ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘရာဇီးနှင့် ခြေစစ်ပွဲတွင် ဥရုဂွေးအတွက်ပါဝင်ကစားခဲ့သည့် ဆွာရက်ဇ်

ဆွာရက်ဇ်သည် ယခုဘောလုံးရာသီတွင် ခြေစွမ်းကောင်းများပြသကာ ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၄၃ ဂိုးသွင်းယူထားသော်လည်း စတင်ပြောင်းရွှေ့ခဲ့ချိန် ၂၀၁၄ ခုနှစ်က ခြေစွမ်းမပြနိုင်မည်ကိုစိုးရိမ်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်သည် ပေါင် ၇၅ သန်းဖြင့်လီဗာပူးမှ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေးနှင့်ထိုက်တန်သည့် ခြေစွမ်းပြသရန် ဘာစီလိုနာတွင် အချိန်အနည်းငယ်ယူခဲ့ရသည်။

“ဘာစီလိုနာမှာကစားဖို့ အရင်ကတည်းက အိပ်မက်မက်ခဲ့တာပါ။ ဒါပေမဲ့ နံပါတ် ၉ တိုက်စစ်မှူးနေရာအတွက် ထိုက်တန်တဲ့ခြေစွမ်းပြသနိုင်မယ်လို့ အစက ယုံကြည်မှုမရှိခဲ့ပါဘူး” ဟုဆွာရက်ဇ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဖွင့်ဟသွားခဲ့သည်။

သို့သော်ဆွာရက်ဇ်သည် ၎င်း၏အသင်းသစ်နှင့်ပွဲဦးထွက်ဘောလုံးရာသီ၌ ဖလား ၃ လုံးရရှိခဲ့သည့် ဘာစီလိုနာအတွက် အရေးကြီးသောနေရာမှပါဝင်ခဲ့ပြီး လက်ရှိတွင်ကမ္ဘာ့အန္တရာယ်အရှိဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသည်။

နေမာ၊ မက်ဆီတို့နှင့် ဆက်ဆံရေးနှင့်ပတ်သက်၍လည်း ဆွာရက်ဇ်က “ဂိုးဘယ်သူသွင်းရလဲဆိုတာ ကျွန်တော်တို့ အရေးမထားပါဘူး။ အဓိက က အနိုင်ရဖို့ပါဘဲ။ အနိုင်ရရင် ကျွန်တော်တို့အားလုံးပျော်ပါတယ်။ နေမာ၊ မက်ဆီနဲ့ ကျွန်တော့်ကြားမှာ သ၀န်တိုတာမရှိပါဘူး” ဟုပြောကြားခဲ့သည်။

comments

error: Content is protected !!