ပရီးမီးယားလိဂ်ကလပ်များက ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း အီဘရာဟီမိုဗစ်ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပရီးမီးယားလိဂ်ကလပ်များနှင့် သတင်းထွက်နေသည့် အီဘရာဟီမိုဗစ်

ဆွီဒင်နှင့် ပီအက်စ်ဂျီတိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပရီးမီးယားလိဂ်အသင်းများသည် မိမိကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဖွင့်ဟခဲ့သည်။

လာမည့်နွေရာသီတွင် ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် အသက် ၃၄ နှစ်အရွယ် အီဘရာဟီမိုဗစ်ကို မန်ယူ၊ ချဲလ်ဆီးနှင့် အာဆင်နယ်တို့က ခေါ်ယူရန်စိတ်ဝင်စားနေသည်။

“စိတ်ဝင်စားနေတဲ့အသင်းတွေထဲက ဘယ်အသင်းကကမ်းလှမ်းလာမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဒါပေမဲ့ အပြောင်းအရွှေ့ကတော့ ပီအက်စ်ဂျီဖက်ကရော ကမ်းလှမ်းမယ့်အသင်းဖက်ကပါ ၂ သင်းစလုံး လိုလိုချင်ချင်ရှိမှ ဖြစ်လာမှာပါ”ဟု အီဘရာဟီမိုဗစ်က ပြောကြားခဲ့သည်။

ယခုလအစောပိုင်းက ထရိုရက်စ်အသင်းကို ၉-၀ ဖြင့်အနိုင်ရကာ ပီအက်စ်ဂျီကို အမှတ်ပေးဖလားချန်ပီယံဖြစ်ခဲ့သောပွဲစဉ်အပြီး၌ အီဘရာဟီမိုဗစ်က”နောက်ဘောလုံးရာသီကျရင် ပီအက်စ်ဂျီမှာ ကျွန်တော်ရှိတော့မှာမဟုတ်ပါဘူး။ အိုင်ဖဲလ်မျှော်စင်နေရာမှာ ကျွန်တော့်ရုပ်တုထားမယ်ဆိုမှ ဒီမှာဆက်နေမှာပါ”ဟု အရွှန်းဖောက်ခဲ့သည်။

အီတလီ၊ စပိန်၊ ဟော်လန်၊ ပြင်သစ်အမှတ်ပေးလိဂ် ၄ ခုတွင် ချန်ပီယံဆုဖလားကိုင်မြှောက်နိုင်ခဲ့သော အီဘရာဟီမိုဗစ်သည် နိုင်ငံတကာပွဲ ၁၁၁ ပွဲကစားကာ ၆၂ ဂိုးသွင်းယူထားသည်။

comments

error: Content is protected !!