နိုင်ငံတကာပွဲအများဆုံးကစားထားသော ဥရောပကစားသမားအဖြစ် ကာဆီးလက်စ်စံချိန်တင်နိုင်ခဲ့
|
နိုင်ငံတကာပွဲအများဆုံးစံချိန်ရှင် ဥရောပကစားသမား ကာဆီးလက်စ်
တနင်္ဂနွေနေ့က စပိန်အသင်းအတွက် ပွဲထွက်ကစားခဲ့ပြီးနောက် ဂိုးသမားကာဆီးလက်စ်သည် နိုင်ငံတကာပွဲအများဆုံးကစားထားသော ဥရောပကစားသမားတစ်ဦးဖြစ်လာခဲ့သည်။
အသက် ၃၄ နှစ်အရွယ် ကာဆီးလက်စ်သည် စပိန်အသင်းအတွက် ၁၆၆ ပွဲကစားပေးထားပြီး မူလကလတ်ဗီးယားကစားသမား အက်စတာဖီယက်စ်တင်ထားသောစံချိန်ကို အမီလိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
စပိန်အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူကာ ဥရောပဖလား ၂ ကြိမ်၊ ကမ္ဘာ့ဖလား ၁ ကြိမ်ဆွတ်ခူးနိုင်ခဲ့သော ကာဆီးလက်စ်သည် အီတလီဂိုးသမားဘူဖွန်ထက် နိုင်ငံတကာပွဲ ၁၀ ပွဲပိုမိုကစားထားသည်။
သို့သော်ကာဆီးလက်စ်သည် ၁၈၄ ပွဲကစားထားသော အီဂျစ်ကစားသမား အာမက်ဟာဆန်၏ကမ္ဘာ့စံချိန်ကို အမီလိုက်ရန်ကျန်ရှိနေသေးသည်။
Prev : ပရီးမီးယားလိဂ်ကလပ်များက ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း အီဘရာဟီမိုဗစ်ဖွင့်ဟ
Next : နံပါတ် ၉ နေရာနှင့်ထိုက်တန်သည့်ခြေစွမ်းပြသနိုင်ရန် ယုံကြည်မှုမရှိခဲ့ကြောင်း ဆွာရက်ဇ်ဖွင့်ဟ
Next : နံပါတ် ၉ နေရာနှင့်ထိုက်တန်သည့်ခြေစွမ်းပြသနိုင်ရန် ယုံကြည်မှုမရှိခဲ့ကြောင်း ဆွာရက်ဇ်ဖွင့်ဟ