လက်ရွေးစင်လေ့ကျင့်ခန်းအစီအစဉ်မှာ ချဲလ်ဆီးထက် အဆင့်မြင့်ဟု ကော်တိုရစ်ဆို
|
ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမား ကော်တိုရစ်က လက်ရွေးစင်လေ့ကျင့်ခန်းအစီအစဉ်မှာ ချဲလ်ဆီးထက် ပိုမိုအဆင့်အတန်းမြင့်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
အသက် ၂၃ နှစ်အရွယ် ထိုဂိုးသမားမှာ အင်္ဂါနေ့တွင်ကစားမည့် ပေါ်တူဂီနှင့်ခြေစမ်းပွဲအတွက် လက်ရွေးစင်အသင်းဖော်များနှင့် ပူးပေါင်းလေ့ကျင့်နေပြီး RTBF နှင့် တွေ့ဆုံမေးမြန်းခန်းတွင် “ဘယ်လ်ဂျီယံလေ့ကျင့်ခန်းအစီအစဉ်က ပိုအဆင့်မြင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းမှာက ကမ္ဘာ့အဆင့်လက်ရွေးစင်တွေချည်းပဲ ပါဝင်နေလို့ပါ။ ချဲလ်ဆီးမှာကတော့ အဓိက ကစားသမားတွေက တစ်ခါတလေကျရင် လူငယ်တွေနဲ့လည်း လေ့ကျင့်ခန်းဆင်းရတတ်ပါတယ်”ဟု ဖွင့်ဟပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်က ဘယ်လ်ဂျီယံကလပ် ဂျန့်မှ ချဲလ်ဆီးသို့ရောက်ရှိလာပြီးနောက် ၆၄ ပွဲကစားပေးထားသည့် ကော်တိုရစ်က လက်ရှိရာသီတွင် ရလဒ်ဆိုးရွားနေသော ချဲလ်ဆီးတွင် အနာဂတ်မသေချာသေးကြောင်းလည်း ထုတ်ဖော်ခဲ့သည်။
Next : ပရီးမီးယားလိဂ်ကလပ်များက ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း အီဘရာဟီမိုဗစ်ဖွင့်ဟ