ဂျာမနီနှင့်ပွဲတွင် ဒါလီအလိုင်းနှင့် ဟယ်ရီကိန်းတို့ အင်္ဂလန်အတွက် ပွဲထွက်ခွင့်ရမည်
|
ပြီးခဲ့သည့် ၅၅ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံလောင်းစာရင်းတွင် ပါဝင်နိုင်အောင် အစွမ်းပြနေသည့် စပါးကလပ်မှ ကစားသမား ၄ ဦးသည် ဂျာမနီနှင့်ကစားမည့် ခြေစမ်းပွဲတွင် အင်္ဂလန်အသင်း ပွဲထွက်လူစာရင်း၌ ပါဝင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ဒန်နီရို့စ်မှာ ဘယ်နောက်ခံလူအဖြစ် ဂျာမနီကိုရင်ဆိုင်ခွင့်ရမည်ဖြစ်ကာ အသင်းဖော် ဒါလီအလိုင်းနှင့် အဲရစ်ဒိုင်ယာတို့မှာ ကွင်းလယ်တွင် ပွဲထွက်ရမည်ဖြစ်ပြီး ပရီးမီးယားလိဂ်တွင် သွင်းဂိုး ၂၁ ဂိုးဖြင့် ယခုရာသီဂိုးသွင်းဘုရင်စာရင်းတွင် အဆင့် ၁ နေရာကိုသိမ်းပိုက်ထားသော ဟယ်ရီကိန်းမှာ တိုက်စစ်ကို ဦးဆောင်ခွင့်ရမည်ဖြစ်သည်။
အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်မှာ ဂိုးသမားနေရာအတွက် ဆောက်သမ်တန်မှ ဖော်စတာကို အရန်အဖြစ်ထားကာ စတုတ်စီးတီးဂိုးသမား ဂျက်ဘတ်လန့်အား ဦးစားပေးအဖြစ် ပွဲထုတ်မည်ဖြစ်သော်လည်း လက်စတာနှင့်အတူခြေစွမ်းပြနေသော ကွင်းလယ်ကစားသမား ဒရင့်ဝါးတားကိုမူ လာမည့်အင်္ဂါနေ့တွင်ကစားမည့် ဟော်လန်နှင့်ခြေစမ်းပွဲရောက်မှသာ ၎င်းအတွက် ပထမဆုံးလက်ရွေးစင်ပွဲကစားခွင့် ပေးဖွယ်ရှိနေသည်။
Next : မီးပွဲတော်တွင် ဂယ်ရီနဗီးလ်၏ ရုပ်ပုံများကို ဗလင်စီယာပရိသတ်များ ထည့်သွင်းမီးရှို့