ရုပ်ဆိုးသောဇနီးနှင့် ချစ်သူများကို ကစားသမားများထံ လာရောက်ခွင့်ပြုမည်မဟုတ်ဟု အိုင်ယာလန်နည်းပြ အိုနေးလ်ဆို
|
အိုင်ယာလန်နည်းပြမာတင်အိုနေးလ်က ယူရို ၂၀၁၆ ပြိုင်ပွဲကာလအတွင်း ရုပ်ဆိုးသောဇနီးနှင့် ချစ်သူများကို ကစားသမားများတည်းခိုရာဟိုတယ်သို့ လာရောက်လည်ပတ်ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲတစ်ခု၌ ယူရို ၂၀၁၆ ပြိုင်ပွဲကာလအတွင်း ကစားသမားများ၏ ဇနီးနှင့် ချစ်သူများကို ပြင်သစ်တွင် ၎င်းတို့အခြေစိုက်မည့်ဟိုတယ်သို့ လာရောက်လည်ပတ်ခွင့်ပြုမည်လောဟု မေးမြန်းခဲ့သည့်အပေါ် အိုနေးလ်က “အဲဒီအဖြေက သူတို့ဇနီးတွေ၊ ကောင်မလေးတွေ ဘယ်လောက်ကြည့်ကောင်းလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ တကယ်ဆွဲဆောင်မှုရှိတဲ့သူတွေဆိုရင်တော့ လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ ရုပ်ဆိုးတဲ့သူတွေကိုတော့ မကြိုဆိုဘူးလို့ အားနာနာနဲ့ပဲ ကျွန်တော်ပြောပါရစေ”ဟု ဟာသနှော၍ ပြောကြားခဲ့သည်။
ယခုရက်သတ္တပတ်အစောပိုင်းက ဝေးလ်နည်းပြခရစ်ကိုးမန်းသည် ယူရို ၂၀၁၆ အုပ်စုပွဲစဉ်များယှဉ်ပြိုင်နေစဉ်အချိန်တွင် ကစားသမားများ၏ ဇနီးသည်များ၊ ချစ်သူများနှင့် မိသားစုဝင်များအား ၎င်းတို့တည်းခိုရာသို့ လာရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားထားခဲ့သည်။
အသက် ၆၄ နှစ်အရွယ် အက်စ်တွန်ဗီလာနှင့် ဆဲလ်တစ်အသင်းနည်းပြဟောင်း အိုနေးလ်၏အိုင်ယာလန်အသင်းသည် ယနေ့ညတွင် ဆွစ်ဇာလန်နှင့်ခြေစမ်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
Next : ဂျာမနီနှင့်ပွဲတွင် ဒါလီအလိုင်းနှင့် ဟယ်ရီကိန်းတို့ အင်္ဂလန်အတွက် ပွဲထွက်ခွင့်ရမည်